DVB Logo
Home
မြန်မာသတင်း
CRPH ရန်ပုံငွေအတွက် မယ်စကြဝဠာအလှမယ် နှင်းသွေးယုအောင်က သရဖူကို ကျပ် ၄၅ သိန်းဖြင့် ရောင်းချ
DVB
·
March 31, 2021
CRPH ရန်ပုံငွေအတွက် မယ်စကြဝဠာအလှမယ် နှင်းသွေးယုအောင်က သရဖူကို ကျပ် ၄၅ သိန်းဖြင့် ရောင်းချ
Donate to DVB

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ရန်ပုံငွေအတွက် လှူဒါန်း ဖို့ မယ်စကြဝဠာမြန်မာအလှမယ် နှင်းသွေးယုအောင်က သူ့ရဲ့ အလှမယ်သရဖူကို ငွေကျပ် ၄၅ သိန်းနဲ့ ရောင်းချဖို့ ကြေညာထားခဲ့ရာမှာ လတ်တလောမှာတော့ အလှူရှင် ပေါ်ထွက်လာပါတယ်။

အလှူရှင်ရဲ့ နာမည်ကိုတော့ ကိုယ်ရေးလုံခြုံမှုအရ ဖော်ပြမထားပဲ အလှူငွေကို လွှဲပေးခဲ့ပြီး အလှမယ်သရဖူကိုလည်း နှင်းသွေးယုအောင်က အမှတ်တရအနေနဲ့သာ သိမ်းထားဖို့ ပြောထားခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီအလှူငွေကိုတော့ ထိုင်းဘဏ်နဲ့ ချိတ်ဆက်ပြီး ဘတ်ကနေ ဒေါ်လာလဲလှယ်ကာ CRPH ရန်ပုံငွေအတွက် လွှဲပြောင်းလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နှင်းသွေးယုအောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တုန်းက မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာအလှမယ် သရဖူဆုရှင်ဖြစ်ပြီး အနုပညာ လမ်းကြောင်းပေါ်မှာ သရုပ်ဆောင်တယောက်အနေနဲ့လည်း လှုပ်ရှားနေသူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ နှင်းသွေးယုအောင်ဟာ သရုပ်ဆောင်မင်းသား ဒေါင်းနဲ့အတူ ဇာတ်လမ်းတွဲတခုရိုက်ကူးဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတာပါ။

သူတို့ ၂ ယောက်လုံးဟာ ထိုင်းနိုင်ငံမှာ "From Chaophraya to Ayeyarwaddy"-“ကျောက်ဖယားမှ ဧရာဝတီသို့”ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရောက်ရှိနေတာဖြစ်ကာ ဇာတ် လမ်းထဲမှာတော့ ထိုင်းနဲ့ မြန်မာအနုပညာရှင်တွေ တွဲဖက် သရုပ်ဆောင်သွားကြမှာ ဖြစ် တယ်လို့ သိရပါတယ်။

ဒီကားကိုတော့ “From Bangkok to Mandalay”-“ဘန်ကောက်မှမန္တလေးသို့” ၊ မြန်မာမှာ ရုံတင်ပြသခဲ့ပြီး ရုံတင်ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ “The Only Mom”-“လိပ်ပြာစံ အိမ်” ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust က ရိုက် ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013