Home
မြန်မာသတင်း
မအူပင်တွင် ထမင်းပေါင်းအိုးမှတဆင့်မီးလောင်မှုကြောင့် နေအိမ် ၄ လုံးမီးလောင်ဆုံးရှုံး
DVB
·
March 30, 2021
165579507_1078034182680924_5281870959237016962_n
165302519_1078034126014263_5103612258005661715_n
164915337_1078034159347593_1468461190281327105_o
165973116_1078034219347587_8871922250940860066_n

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာ မတ်လ ၃၀ ရက်နေ့ မနက်က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၄ လုံးမီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁ ရပ်ကွက် အောင်ဆုပန်းလမ်းက နေအိမ်တစ်အိမ်မှာ  ထမင်းပေါင်း အိုးတည်ရာကနေ အပူချိန်လွန်ကဲပြီး နာရီဝက်ကြာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ကား ၄ စီးနဲ့ လာရောက်မီးငြိမ်းသတ်ခဲ့ရပါတယ်။  မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၂၀ ကျော်ဖိုး  ဆုံးရှုံးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မရှိဘူး လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024