ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၆ ရက်နေ့က စစ်အာဏာရှင်ကျဆုံးရေး ဒီမိုကရေစီရရှိရေး ပုသိမ်မြို့မှာ စစ်ကြောင်း ၃ ကြောင်းခွဲကာ ရဲတပ်ဖွဲ့ အတားဆီးကို ရှောင်ပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လမ်းပိတ်ဆို့တာတွေ ပြုလုပ်နေတဲ့အတွက် ဆန္ဒပြတဲ့လူတွေဟာ မြို့ပေါ်ရပ်ကွက်တွေလမ်းကြားမှာ လှည့်လည် ဆန္ဒပြနေရပါတယ်။
ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် ရဲကားတွေနဲ့ ရေအမြောက်ကားတွေနဲ့ လိုက်လာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက လမ်းတွေကို အတားအဆီးတွေနဲ့ ပိတ်ဆို့တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစတင်ကာ ဆန္ဒပြလာခဲ့တာဖြစ်ပြီး ဒီနေ့ဆိုရင် ၂၈ ရက်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။