Home
မြန်မာသတင်း
မကွေးမြို့မရဲစခန်းက ရဲတပ်သား ၂ ဦး CDM တွင် ပါဝင်
DVB
·
March 5, 2021
156954681_2538395676461878_3583047003817860701_o
156915052_2538395523128560_7356110369594926689_o
156868874_2538395623128550_7259107302703045590_o
156845018_2538395576461888_5769650514134642985_o
156825705_2538395479795231_259317137245144488_o

မကွေးမြို့မရဲစခန်းက ရဲတပ်သား ၂ ယောက်ဟာ မတ်လ ၄ ရက်နေ့က စတင်ပြီး CDM မှာ ပါဝင်လာတယ်လို့ သိရပါတယ်။

CDM ပြုလုပ်တဲ့ ရဲဝန်ထမ်း ၂ ယောက်ကတော့ ရဲတပ်သား ဖြိုးကိုကိုဦးနဲ့ ရဲတပ်သား ဆန်းညွန့်နောင်တို့ဖြစ်ကြပြီးတော့ မကွေးမြို့မရဲစခန်းမှူးရုံးမှာ တာဝန်ထမ်းဆောင်နေတာလို့ သိရပါတယ်။

အာဏာသိမ်းအစိုးရရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပြည်သူတွေကို ထိခိုက်နစ်နာစေတာ တွေ့ရတဲ့အတွက် ရဲတပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတာကြောင့် CDM ပြုလုပ်တာလို့ အထက်လူကြီးတွေဆီကို စာရေးသားထားတာတွေ့ရပါတယ်။

အဲဒီလို CDM ပြုလုပ်တာဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နုတ်ထွက်တာမဟုတ်ဘဲ အာဏာသိမ်း အစိုးရကို အလိုမရှိလို့ ရုံးမတက်ဘဲ ရုန်းထွက်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်နဲ့သက်ဆိုင်တဲ့ မည်သည့်ပစ္စည်းကိုမှ ယူဆောင်မသွားပါလို့ ရေးသား ထားပါတယ်။
သတင်း - မင်းထီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024