
စစ်ကိုင်းတိုင်းက ရဲတပ်ဖွဲ့ဝင် ရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၂ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
ရဲတပ်သား မိုးမင်းခိုင်က မတ်လ ၂ ရက်နေ့၊ ရဲတပ်သား ပေါင်လေးမန်နဲ့ ရဲအုပ် ဇော်မျိုးသန့်တို့က မတ် ၃ ရက်နေ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြတာပါ။
အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်တာနေတဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအပေါ်လည်း မတရားအမိန့်တွေပေးကာ ပြည်သူတွေအပေါ် ဥပဒေမဲ့ မတရားစေခိုင်းတဲ့ အပေါ် လုံးဝ (လုံးဝ) မလုပ်ကိုင်နိုင်တာကြောင့် CDM မှာ ပါဝင်တာလို့ ရဲတပ်သားတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပထမဆုံး ပူးပေါင်းပါဝင်ခဲ့ကြတာလို့ သိရပါတယ်။