မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် ပြည်သူလူထု ၃ သိန်းကျော်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ဂန့်ဂေါမြို့ပေါ်က ပြည်သူတွေ၊ ဌာနဆိုင်ရာတွေအပြင် ကျေးရွာတွေက ပြည်သူတွေပါ လာရောက်ပူးပေါင်းကာ နေ့တဝက်ကျော်မြို့တွင်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေကို စေတနာရှင်တွေကလည်း ရေသန့်၊ မုန့်၊ စားစရာတွေဝေငှပေးခဲ့ကြပါတယ်။ လက်ရှိမှာ ဂန့်ဂေါမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း အာဏာသိမ်း စစ်ကောင်စီနဲ့ နီးစပ်သူ ကြံ့ခိုင်ရေးပါတီဝင်အများစုကို တိုင်းရဲ့ညွှန်ကြားချက်နဲ့ဆိုကာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက ပြောင်းလဲခန့်အပ်ထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက နိုင်ငံတဝန်းမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပြီး ဌာနဆိုင်ရာတွေကလည်း အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပိုမို ပူးပေါင်း ပါဝင်လာနေကြပါတယ်။
အောင်ကိုလတ်