Home
မြန်မာသတင်း
မင်းလှမြို့နယ်တွင် ဆန္ဒပြပွဲ ဦးဆောင်သူအချို့ကို စစ်တပ်က လိုက်လံရှာဖွေနေ
DVB
·
February 11, 2021
149655040_3017879321778048_654862785807565771_o
149402920_3017879448444702_647805560870593889_o
149314344_3017879348444712_5986113056132769111_o
148972079_3017879398444707_823200142242956234_o
148919583_3017879251778055_5894608679796131784_o
148885278_3017879205111393_1574603987704385539_o

မင်းလှမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်လှုပ်ရှားနေသူအချို့ရဲ့ နေအိမ်တွေကို စစ်တပ်က ၁၀ ရက်နေ့ ညပိုင်းနဲ့ ၁၁ ရက်‌နေ့ မနက် အစောပိုင်း‌တွေမှာ လာရောက်ရှာဖွေမေးမြန်းတာ တွေရှိခဲ့တယ်လို့ ပါဝင်လှုပ်ရှားသူတွေရဲ့ မိသားစုအချို့က ပြောပါတယ်။ 

မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုတော့ မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

လာရောက်ရှာ‌ဖွေရာမှာ ပါဝင်လှုပ်ရှားသူတွေ အိမ်မှာမရှိတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိသေးဘူးလို့ မိသားစုအချို့ကပြောပါတယ်။ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာဟာ ဒီနေ့နဲ့ဆို ငါးရက်မြောက်နေ့ရှိလာပြီဖြစ်ပါတယ်။

မြို့နယ်တစ်ဝန်းက ပြည်သူတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေအပြင် ဌာနဆိုင်ရာ ဝန်ထမ်းအချို့နဲ့ တောင်သူလယ်သမားအချို့ကလည်း လယ်ထွန်စက်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင်လာတာကိုတွေ့ရပါတယ်။

မင်းလှမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူ‌တွေဟာ မင်းလှမြို့တွင်းမှာ တစ်ဖွဲ့၊ မင်းလှမြို့နယ် စစ်ကွင်းမြို့မှာတစ်ဖွဲ့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး မနက် ၈ ခွဲကစတင်ကာ မြို့အတွင်း လူစည်ကားရာလမ်းမပေါ်တွေမှာ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြပြီး ၁၁ နာရီအချိန်လောက်မှာ လူစုခွဲခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို  ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးထားခြင်းမရှိပဲ မင်းလှမြို့ ဈေးချိုတန်းလမ်းတစ်ခုကိုပဲ ရဲတပ်ဖွဲ့အင်းအားအနည်းငယ်နဲ့ ပိတ်ဆို့ထားပါတယ်။

သက်နိုင်ဝင်း 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024