Live
Home
မြန်မာသတင်း
သတင်းသမားများကို ခြိမ်းခြောက်မှုများ ရှိလာသဖြင့် ဂရုပြုကြရန် မီဒီယာကောင်စီ တိုက်တွန်း
DVB
·
January 31, 2021

ထောက်ခံပွဲကျင်းပသူတွေ‌က သတင်းမီဒီယာတချို့ရဲ့ သတင်းထောက်တွေကို တွေ့တဲ့နေရာရှင်းပစ်ဖို့ လှုံ့ဆော်တဲ့စာတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေလာနေတာကြောင့် သတင်းသမားတွေအနေနဲ့ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ကြဖို့၊ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့လည်း အကာအကွယ်ပေးဖို့ စာထုတ်တိုက်တွန်းသွားမယ်လို့ မီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

ဒါ့အပြင် မီဒီယာသမားတွေအနေနဲ့လည်း သတင်းရေးသားတဲ့အခါ ဘက်မလိုက်ဘဲ မျှမျှတတ ရေးသားဖို့ကိုလည်း တိုက်တွန်းပါတယ်။

“ကျနော်တို့က ပြောရုံတခုတည်းနဲ့တော့ အန္တရာယ်အားလုံးက မကင်းနိုင်ဘူးလေ။ ဆိုလိုချင်တာက သတင်းသမားတွေကိုယ်တိုင်ကလည်း alert ဖြစ်ဖို့လိုတယ်။ ကိုယ့်အန္တရာယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ ဗဟုသုတရှိဖို့လိုတယ်။”

သတင်းသွားယူတဲ့အခါမှာလည်း သတင်းသမားတွေအနေနဲ့ တဦးချင်းမယူဘဲ စုစုစည်းစည်း သွားကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

ထက်ဝေအောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024