Home
သတင်းဓာတ်ပုံ
ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)
DVB
·
January 13, 2021
IMG_0742
IMG_0732
IMG_0721
IMG_0720
IMG_0718
IMG_0715
IMG_0701
IMG_0689
IMG_0675
IMG_0671
IMG_0664
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ လူဦးရေ ၇၀၀ ကျော်ရှိတဲ့ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှာ  စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ အဆိုပါစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၀၆ စု၊ အမျိုးသား အယောက်  ၃၀၀   နဲ့ အမျိုးသမီး ၄၃၅ ယောက် စုစုပေါင်း ၇၃၅ ယောက် ခိုလှုံနေထိုင်နေကြတာပါ။  စခန်းမှာ အိမ်သာ ၁၂ လုံးသာရှိနေပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ အိမ်သာတွေကို အတူတူစုပေါင်းသုံးနေရတာမို့ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိဘူးလို့ ဆိုပါတယ်။ "အိမ်သာရယ်၊ ထင်းရယ်၊ ဆောင်းရာသီဆိုတော့ အနွေးထည်တွေလည်း လိုအပ်ပါတယ်။''လို့ တင်းမကျေးရွာက စစ်ဘေးရှောင်လာသူ မသန်းနုခိုင်က ပြောပါတယ်။ စားဝတ်နေရေးရယ်၊ ကျန်းမာရေးရယ်၊ ပြီးတော့ ထင်းတွေ ဘာတွေလည်း အများဆုံး လိုအပ်နေတယ်လို့  စစ်ဘေးရှောင် ကိုသန်းရွှေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို အစိုးရက ရိက္ခာထောက်ပံ့ဖို့အတွက်  စခန်းရှိ စစ်ဘေးရှောင်စာရင်းအမှန်ရရှိအောင် တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အထွေထွေ အုပ်ချုပ်ရေးတို့က ပူးပေါင်းစစ်ဆေးမယ်လို့ ဇန်နဝါရီ ၄ ရက်နေ့က စခန်းတွေကို စာထုတ်အသိပေးထားပါတယ်။ Photo - Kaung Mrat Naing / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024