Home
သတင်းဓာတ်ပုံ
ကိုဗစ်ကာလ  ဘုရားစေတီများရှိ ဘေးမဲ့ငါးများကို အစာကျွေးသူရှားပါးလာ (ဓာတ်ပုံ)
Aung Aung Naing
·
December 18, 2020
YMK19261
YMK19257
YMK19243
YMK19140
YMK19083
YMK19064
YMK19028
YMK18952
YMK19090
ရန်ကုန်မြို့ ဘုရားစေတီပုထိုးတချို့ရှိ  ဘေးမဲ့ငါးကန်တွေမှာ  ဘေးမဲ့လွှတ်ပေးထားတဲ့ ငါးတွေဟာ အရင်က ဘုရားဖူးတွေကျွေးတဲ့ ပေါက်ပေါက်ဆုပ် ၊ ပေါင်မုန့်စတဲ့ အစားအစာတွေနဲ့ ရှင်သန်ခဲ့ကြပေမဲ့ လက်ရှိကိုဗစ်ကာလမှာတော့  ဘုရားဖူးတွေမလာတော့လို့ ဘုရားဂေါပကအဖွဲ့က တာဝန်ယူကျွေးမွေးနေရပါတယ်။ ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်မှာ ငါးကန်ရှိပေမဲ့ ကိုဗစ်ကာလ  အစာဝင်ရောက်ကျွေးခွင့်မပြုတဲ့အတွက် အလှူရှင်တွေက လာရောက်လှူဒါန်းပါက ဂေါပကအဖွဲ့အနေနဲ့ တာဝန်ယူကျွေးမွေးပေးနေပြီ ဂေါပကအဖွဲ့အနေနဲ့ ရန်ပုံငွေထဲကနေ ကျပ် ၁၀,၀၀၀ ဖိုးလောက် တစ်နေ့သုံးကြိမ်ကျွေးနေရတယ်လို့ သိရပါတယ်။ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဘေးမဲ့ငါးကန်မှာတော့  ငါးစာကျွေးတာ ပြုလုပ်နိုင်ပါတယ်။ ငါးစာလာရောက်ကျွေးသူတစ်ဦးက "အစ်မတို့က တစ်ပတ်တစ်ခါလောက်လာကျွေးဖြစ်တယ်။ စီးပွားရေးပြေလည်လို့။ တစ်ပတ်ကို စုပြီး ကျပ် ၅၀,၀၀၀ ဖိုးလောက်လာလှူဖြစ်တယ်။ ဒီကာလဆိုတော့ သူတို့လည်း ခက်ခဲနေမှာစိုးတယ်"လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ဘေးမဲ့ငါးတွေအနေနဲ့ လူတွေနဲ့ ဝေးကွာတဲ့ ဒေသတွေမှာ ရှိပါက  ငါးကန်သန့်ရှင်းရေး၊ လေဝင်လေထွက်နဲ့ အစားအစာရရှိမှု စတာတွေအပေါ် စိုးရိမ်ပူပန်နေသူတွေကလည်း ရှိပါတယ်။ ငါးတွေရဲ့သဘာဝအကြောင်းလေ့လာနေတဲ့  ကိုထွဋ်ခေါင်က "ဒီဘေးမဲ့ ငါးတွေက ရပ်တည်ရတာ ဒီကာလမှမဟုတ်ဘူးဗျ။ အကုန်လုံးတော့မဆိုလိုပါဘူး။ တချို့ငါးကန်တွေက အုတ်ကန်တွေ တာလပတ်ခင်းထား တဲ့ကန်တွေဖြစ်နေတော့ ရေပဲရှိနေပြီး တခြားသဘာဝပုံစံမျိုးတွေရှိမနေဘူး။ အဲ့မှာကြာကြာ မနေနိုင်တဲ့ငါးတွေရှိတယ်။ ပြီးတော့အကုန် ပြုံပြီးလွှတ်ကြတာပေါ့။ အမျိုးအစားပေါင်းစုံ။ အစာကျွေးတဲ့ဘက်မှာလည်း ပေါင်မုန့်တွေ၊ ပေါက်ပေါက်ဆုပ်တွေပဲ ချပေးတော့သူတို့သဘာဝနဲ့ကိုက်ညီမှုရှိမနေပါဘူး။ အဆိုးဆုံးကတော့ ဒီနိုင်ငံမှာ အောက်ဆီဂျင်ရေထဲမှာမဝလို့ ထွက်ရှူတာကို မြူးတယ်ထင်နေတာတော့ မေးခွန်းထုတ်စရာကောင်းတယ်"လို့ ပြောပါတယ်။ ကိုဗစ်ကာလမှာ ဘေးမဲ့လွှတ်ထားတဲ့ ငါးတွေအနေနဲ့  ပင်တိုင်အလှူရှင်တွေနဲ့  ဂေါပကအဖွဲ့တွေရဲ့ စောင့်ရှောက်မှုနဲ့သာ  ဆက်လက်အသက်ရှင်နေနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံရှိ ဘုရားစေတီတွေမှာ  သတ္တဝါတွေကို ဘေးမဲ့လွှတ်ပေးလေ့ရှိတဲ့အထဲမှာ လူအများဆုံး အလွယ်တကူဘေးမဲ့လွှတ်ပေးလေ့ရှိတာကတော့ ငါးတွေပဲဖြစ်ပါတယ်။ အထူးသဖြင့်ငါးတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အများဆုံး ဘေးမဲ့လွှတ်ပေးလေ့ရှိပြီး  တစ်နှစ်ပတ်လုံး အခါကြီးရက်ကြီးတွေနဲ့  မွေးနေ့တွေမှာလည်း လွှတ်ပေးလေ့ရှိပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024