နမ္မတူမြို့နယ် နမ့်ပိုင်ရွာတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသား ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် နမ့်ပိုင်ရွာမှာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီခွဲလောက်က လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ရွာသား ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ည ၇ နာရီလောက်မှာ နမ္မတူဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာရှင်နာရေးလူမှုကူညီရေးအသင်းက ပြောပါတယ်။ အသက်ကြီးအမျိုးသမီး ၂ ယောက်ရဲ့ ခေါင်းကို လက်နက်ကြီးအစထိမှန်လို့ မူးဝေနေသလို၊ ၁၅ နှစ်ကျောင်သားအစထိ ဒဏ်ရာကလည်းနက်ပါတယ်။ ကိုယ်ဝန်ဆောင်သည် တယောက်ကတော့ လက်ပြင်ကျောထိခိုက်ခဲ့တယ် လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဆီလိန်ခမ်းလူမှုအဖွဲ့အစည်းက နန်းခမ်းမီး ကပြောပါတယ်။ နမ့်ပိုင်ရွာက အိမ်ထောင်စုတွေ ထပ်ရောက်လာတာ‌ကြောင့် မန်စံရွာမြောက်ပိုင်း ဘုန်ကြီးကျောင်းစစ်ရှောင်စခန်း ၂၇၀ ခုခန့်ရှိ‌နေပြီ ဖြစ်ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ TNLA တပ်ဖွဲ့တို့အကြား  နာရီဝက် တစ်နာရီခန့်ကြာ ပစ်ခတ်မှုတွေရှိခဲ့ကြပြီး လက်ရှိမှာတော့ သေနတ်သံငြိမ်သွားပြီ ဖြစ်ပေမဲ့ တောင်ကြောတွေဘက်မှာ နှစ်ဘက်တပ်ဖွဲ့တွေရှိနေသေးလို့ တိုက်ပွဲတွေဆက်ဖြစ်မှာကို ရွာသားတွေက စိုးရိမ်နေ ပါတယ်။ သတင်း - ကိုလင်း၊ ဓာတ်ပုံ - USSA Sai Han ချစ်မွှေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up