အာရှတွင်မြန်မာက ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး အဆင့် ၂၆ ဖြစ်လာ
DVB
·
November 9, 2020

ကမ္ဘာ့နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံး အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ကူးစက်ခံရသူဦးရေ ၆၀,၀၀၀ ကျော်နဲ့ အဆင့် ၂၆ နေရာမှာ ရှိနေတယ်လို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
အာရှနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၈ ဒသမ ၅ သန်းကျော်နဲ့ သေဆုံး သူ ၁၂၆,၆၅၃ ယောက်ရှိနေတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နောက်မှာတော့ အီရန်၊ အီရတ်နဲ့ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒို နီးရှားနိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၆၈၂,၄၈၆ ယောက်၊ ၄၉၈,၅၄၉ ယောက်၊ ၄၃၇,၇၁၆ ယောက်စီနဲ့ ထိပ်ဆုံး ၄ နိုင်ငံအနေနဲ့ ရှိနေတာပါ။
အဆင့် ၅ နေရာမှာတော့ မြန်မာနိုင်ငံရဲ့ နောက်ထပ်အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၄၂၀,၂၃၈ ယောက်၊ သေဆုံးသူ ၆,၀၆၇ ယောက်နဲ့ ရှိနေပါတယ်။
အဲဒီနောက်မှာတော့ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးနိုင်ငံထဲမှာ ပါဝင်တဲ့ ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၉၆,၃၉၅ ယောက်နဲ့ အဆင့် ၆ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၇,၀၈၆ ယောက်၊ သေဆုံးသူ ၁,၈၁၂ နဲ့ အာရှအဆင့် ၁၉ နေရာမှာ ရှိနေပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၂၄၅ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်း အတွင်း ထပ်မံတိုးလာခြင်းမရှိပဲ အာရှနိုင်ငံအလိုက် အမှတ်စဉ် ၂၁ နေရာထိ ကျဆင်းသွားပါတယ်။
အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေ အတွက် ၅၈,၀၅၆ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက် ရှိနေပြီး အာရှအဆင့် ၂၈ မှာ ရှိနေခဲ့တာပါ။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၁,၃၇၇ ယောက်၊ သေဆုံးသူ ၁,၄၂၀ ယောက်နဲ့ အာရှအဆင့် ၂၆ မှာ ရှိပါတယ်။
ဒါဟာ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကူးစက်ခံရမှုနဲ့ သေဆုံးမှုအများဆုံး တတိယမြောက်နိုင်ငံ ဖြစ်လာနေခဲ့တာပါ။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၄၀,၂၀၉ ယောက်နဲ့ သေဆုံးသူ ၂၈၆ ယောက်ရှိနေပြီး အဆင့် ၃၁ နေရာမှာ ရှိနေပြီး သူ့နောက်မှာ တောင်ကိုရီးယားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇,၅၅၃ ယောက်နဲ့ သေဆုံးသူ ၄၈၀ ယောက်နဲ့ ရှိနေတာပါ။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၈၄၀ ယောက်နဲ့ သေဆုံးသူအရေအတွက် ၆၀ ယောက် ရှိနေပြီး အာရှအဆင့် ၃၉ နေရာမှာ ရှိနေခဲ့ပါတယ်။
နောက်ထပ် အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၄ ယောက်နဲ့ အာရှဒေသတွင်း ကူးစက်မှုအနည်းဆုံးနိုင်ငံ ဖြစ်နေပြီး သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။
တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၅၀ ဒသမ ၇ သန်းကျော်လာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။