Home
မြန်မာသတင်း
ပန်ဝါမြို့က မဲရုံအချို့၌ မဲစာအိတ်မလုံလောက်သဖြင့် ကြိုတင်မဲပေးမှု ၁ ရက်ရပ်နားခဲ့ရ 
DVB
·
November 6, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့က မဲရုံ တချို့မှာ အသက် ၆၀ ကျော်တွေ ကြိုတင်မဲပေးရာမှာ မဲစာအိတ် လုံလောက်မှုမရှိတာကြောင့် ကြိုတင်မဲပေးတာကို တစ်ရက် ရပ်နားခဲ့ရတယ်လို့ ချီဖွေမြို့နယ် ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးက သိရပါတယ်။ ပန်ဝါမြို့ ရပ်ကွက် တချို့မှာ အသက် ၆၀ အထက် ကြိုတင်မဲပေးမယ့်သူတွေ မဲပေးဖို့ စာအိတ်မလုံလောက်တော့တဲ့အတွက် နိုဝင်ဘာ ၃ ရက်နေ့တစ်ရက် ရပ်နားခဲ့ရပြီး နိုဝင်ဘာ ၄ ရက်နေ့မှ စာအိတ် ရောက်လာတဲ့အတွက် ဆက်လက်မဲပေးခဲ့ရတယ်လို့ ပန်ဝါမြို့ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အသက် ၆၀ အထက် ကြိုတင်မဲ စာအိတ်တွေကို ဝန်ထမ်းအပြောင်း အရွှေ့ကြောင့် ဝန်ထမ်းတွေအတွက် ဦးစားပေးပြီးမှ ထည့်ခိုင်းရတဲ့အတွက် မလုံလောက်ရတာလို့ ပန်ဝါမြို့ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက " ဝန်ထမ်းတွေ အတွက် ကြိုတင်မဲစာအိပ်တွေက လုံလုံလောက်လောက် ထုတ်ပေးထားပြီးသားပါ။ အသက် ၆၀ အထက်ကြိုတင်မဲက မြေပြင်အနေအထားအရ သူတို့တောင်းသလောက် ထုတ်ပေးတယ်။ ဝန်ထမ်းတွေ အတွက်ကတော့ ဥပဒေထဲကအတိုင်း လုံလုံလောက်လောက်ပေးထားပါတယ်။ ကျနော်တို့က ချက်ချင်းပြန်ပို့ပေးလိုက်တယ်။  ဒေသကလည်းဝေးတော့ ချက်ချင်းမရောက်နိုင်တာလည်းဖြစ်မှာပါ" လို့ ပြောပါတယ်။ ချီဖွေမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၁၁,၀၀၀ ကျော်ရှိပြီး အသက် ၆၀ အထက်ကြိုတင်မဲဆန္ဒရှင် ၁,၀၀၀ကျော်ရှိကာ မြို့နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာ အုပ်စု ၉ အုပ်စုရှိပါတယ်။ သတင်း- ထူးထူး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024