Homeမြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၉၉၅ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၂ ဦးထပ်တိုး၊ ဆေးရုံမှဆင်းခွင့်ရသူပေါင်း ၄၂,၁၇၈ ဦးရှိ
ကိုဗစ်-၁၉ လူနာသစ် ၉၉၅ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၂ ဦးထပ်တိုး၊ ဆေးရုံမှဆင်းခွင့်ရသူပေါင်း ၄၂,၁၇၈ ဦးရှိ
မြတ်နိုးအောင်
·
November 5, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၉၉၅ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၂ ယောက်ထဲမှာ ၁၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၄ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၈၆၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၉၉၅ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ အယောက် ၁,၄၀၀ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၉၆ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၇၀၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၆၆၉ ယောက် ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၇,၉၃၅ ယောက်၊ သေဆုံးသူ ၁,၃၅၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၂,၁၇၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။