Home
မြန်မာသတင်း
စင်ကာပူတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှု ၈၉ ရာခိုင်နှုန်းရှိ 
DVB
·
October 20, 2020
120312593_3378246215596387_3507327806317449142_n
၂၀၂၀ ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက ကြိုတင်မဲပေးခွင့်ရှိသူ ၃၀,၀၀၀ လောက် မဲလာပေးခဲ့ကြပြီး  ဆန္ဒမဲပေးမှုရာခိုင်နှုန်းအားဖြင့်   ၈၉  ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ စင်ကာပူရှိ မြန်မာသံရုံးမှာ  အောက်တိုဘာ ၁ ရက်ကနေ ၁၈ ရက်အထိ  မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခဲ့ကြပြီး ကူညီပေးခဲ့တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို ကျေးဇူးတင်တယ်လို့ သံရုံးက ထုတ်ပြန်လိုက်တာပါ။ စင်ကာပူရောက်မြန်မာတွေထဲက ကြိုတင်မဲပေးခွင့်ရှိသူ ၃၃,၄၂၈ ယောက်ရှိပြီး ၂၉,၆၅၆ ယောက်လာပေးခဲ့တာကြောင့် မဲပေးမှု ၈၉ ရာခိုင်နှုန်းမဲပေးခဲ့ကြပါတယ်။ သံရုံးအနေနဲ့ကတော့ ပုံစံ ၁၅ တင်သွင်းလာပေမယ့် စာရင်းမှာပါမလာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်တင်ပြခဲ့တာကြောင့် လူ ၆၀၀ ကျော် မဲပေးနိုင်ခဲ့တာ၊ အလုပ်သမားဆောင်တွေကနေ သံရုံးကိုလာဖို့ အဆင်မပြေလို့ စင်ကာပူအစိုးရကို ညှိနှိုင်းပေးခဲ့တာ၊ ခပ်ခွာခွာနေဖို့ စည်းကမ်းနဲ့ မြန်မြန်ဆန်ဆန်မဲပေးနိုင်အောင် လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပုံစံ ၁၅ ကောက်ယူတဲ့အချိန်က စပြီး အလုပ်သမားဆောင်တွေက မဲပေးမယ့်သူတွေကို ကားတွေစီစဉ်ပေးတာ၊ သံရုံးရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဝက်ဘ်ဆိုက်ကို ရေးဆွဲပေးခဲ့တာ စတာ၊ စနစ်တကျ မဲပေးခဲ့သူတွေ စတဲ့ လူပုဂ္ဂိုလ်နဲ့ မြန်မာအဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်တယ်လို့လည်း မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေအသီးသီးကနေ ကြိုတင်မဲပေးခွင့်ရတဲ့ မဲဆန္ဒရှင်ပေါင်း တသိန်းကျော်အနက်  တဝက်လောက်ဖြစ်တဲ့ လူဦးရေ ၅၀,၀၀၀ ကျော်လောက်  မဲလာပေးပြီးသွားကြပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြောထားပါတယ်။ ကမ္ဘာတဝန်းမှာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှိတဲ့ မြို့ပေါင်း ၄၀ ကျော်ရှိရာမှာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကတော့ ပြည်ပရောက် မြန်မာမဲဆန္ဒရှင်တွေ ကြိုတင်မဲပေးခဲ့ကြတဲ့ အရေအတွက်ဟာ  ၃၀,၀၀၀ ကျော်လောက်ပဲ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အစီရင်ခံစာအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024