ပုသိမ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိ
DVB
·
September 27, 2020

ဧရာဝတီတိုင်းမှာ စက်တင်ဘာလ ၂၇ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အတည်ပြု လူနာ ၁၀ ဦးလုံးက ပုသိမ်မြို့ကဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုသိမ်မြို့မှာ တွေ့ရှိခဲ့တဲ့ လူနာ ၁၀ ဦးထဲက ၁ ဦးဟာ ရွှေမြင်တင် ကြည်သာမှာ နေထိုင်တဲ့ အတည်ပြုလူနာ ၅၇ ရဲ့ အသက် ၁၃ နှစ်အရွယ် သားဖြစ်ကြောင်း ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပြီး ကျန် ၉ ဦးရဲ့ အကြောင်းကိုတော့ ဒီနေ့ သိရမယ်လို့ ဆိုပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၇၉ ဦးထိရှိနေပြီး အားလုံးကတော့ ကျန်းအာရေးကောင်းမွန်းကာ ၁၈ ဦး ဆေးရုံဆင်းသွားပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာတော့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၁ ဦးထိရှိနေပြီး အဲ့ဒီထဲက လူနာ ၄၁ ဦးကတော့ ကျန်းအာရေးကောင်းမွန်လာလို့ ဆေးရုံက ဆင်းသွားပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)