ကိုဗစ်-၁၉ လူနာသစ် ၈၈၀ တွေ့ရှိ၊ လူနာ ၂၄ ဦး ထပ်မံသေဆုံး

ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈၈၀ တွေ့ရှိခဲ့ပြီး အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ယောကျ်ားလေး ၂ ဦး အပါအဝင် လူနာ ၂၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၅ ရက်ညကနေ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၅,၈၁၆ အား စစ်ဆေးခဲ့တာပါ။ သေဆုံးသွားတဲ့ လူနာတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာ ၁၂ ဦး၊ ကိုဗစ်-၁၉ ကုသရေးဌာနက (ဖောင်ကြီး) က ၃ ဦး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးက ၂ ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးက ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက ၁ ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးက ၁ ဦး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးက ၁ ဦး၊ တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီးက ၁ ဦးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးက ၂ ဦး စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၂၄ ဦး သေဆုံးခဲ့တာပါ။ သေဆုံးလူနာ ၂၄ ဦးမှာ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ယောကျ်ားလေး ၂ ဦးအပါအဝင် အသက် ၃၈ နှစ်ကနေ ၈၇ နှစ်အထိ အရွယ်တွေ ဖြစ်ကြပြီး  ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေအတွင်း သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၉၉၁ ဦး၊ သေဆုံးသူ ၁၉၈ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂,၆၈၁ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။    

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up