မိုးစပါး မျိုးစေ့ထုတ်လုပ်မည့် တောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအတွင်း  မိုးစပါးမျိုးစေ့ ထုတ်လုပ်မယ့် တောင်သူတွေကို သြဂုတ် ၁၆ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ  ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက​နေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းမြတ်က “မကွေးမြို့နယ် မြင်ကွင်းမြစ်ရေတင်စနစ်နဲ့ မိုးစပါးစိုက် တောင်သူ ၄၀ ဦးရဲ့ မျိုးစေ့ထုတ်မယ့် စိုက်ခင်း ၈၅ ဧကအတွက် ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာပါ။ အဲဒီတောင်သူတွေကို မျိုးစေ့ဖိုး၊ မြေပြင်ပျိုးထောင် စိုက်ပျိုးစရိတ်၊ မျိုးခွဲနုတ်ပယ်စရိတ်နဲ့ ရိတ်သိမ်းသိုလှောင်စရိတ်တွေအတွက် ၁ ဧကကို ၁၄၀,၀၀၀ ကျပ် ထောက်ပံ့မှာဖြစ်ပြီး ပထမ အရစ်အနေနဲ့ ၈၀,၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ပေးထားကာ နောက်လ စပါးမျိုးခွဲ နုတ်ပယ်တဲ့အချိန်မှာ အပြီးထောက်ပံ့ပေးမှာဖြစ်တယ်” လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ မိုးစပါး မျိုးစေ့ထုတ်မယ့် စိုက်ဧကပေါင်း ၉၄၅၁ ဧက ရှိနေပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ  ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၁၃,၀၀၀ ကျော် ထောက်ပံ့ပေးမှာဖြစ်တယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း- မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up