မြန်မာအိုင်ဒေါစတား ဖြိုးမြတ်အောင်သီချင်းသစ်-“ပိုက်ကွန်ငယ်”(ရုပ်သံ)
DVB
·
July 15, 2020
မြန်မာအိုင်ဒေါစတား အဆိုတော် ဖြိုးမြတ်အောင်သီဆိုထားတဲ့ သီချင်းသစ်တပုဒ် ဟာ ထွက်ရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။
“ပိုက်ကွန်ငယ်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ထုံကြီးက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။
“သန်းခေါင်ယံမသိစိတ်စိတ်ကြေးမုံပြင်ပေါ်တွင်… ပုံရိပ်လေးတခုထွန်းလင်း… အာရုံတိမ်းညွတ်မူးမယ့် အဆင်း… ငါခံစားမိချစ်ခြင်း… မင်းအကြည့်မင်းမျက်လုံး… ဟိုး မင်းရဲ့အပြုံး… ငါ့အတွေးထဲနွေးထွေးလို့… ဝိုဝူဝိုး အိုအိုး… ဟိုအရင်အတိတ်ဘဝက ငါ့စွဲ လန်းခြင်း… စိတ္တဇမှော်ရုံမြေမှာမင်း… ဝို ဝိုး အိုးဟို… တနေ့လက်တွေ့ဘဝထဲ… မင်းနဲ့ တွေ့နိုင်ခွင့်… ဆုတောင်းတယ်ဟန်နေ... ဟန်နေ”
ဟင်္သာတမြို့ဇာတိ အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် ဖြိုးမြတ် အောင်ဟာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆု ရရှိခဲ့ပြီး ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ အနုပညာရှင်တယောက် ဖြစ်ပါ တယ်။
ပြိုင်ပွဲမတိုင်ခင်ကတည်းက သူသီဆိုထားခဲ့တဲ့ ငါတို့ရဲ့ General သီချင်းဟာလည်း ထင်ရှားပြီး ပြိုင်ပွဲဝင်ပြီးနောက်မှာတော့ သူ့ကို ဖြိုးမြတ်အောင်လို့ သိစေခဲ့တဲ့ သီချင်းတ ပုဒ် ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ဖြိုးမြတ်အောင်ရဲ့ ပထမဆုံးသော တကိုယ်တော် တေးအယ်လ်ဘမ် “သင့်အတွက်မနက်ဖြန်”ထွက်ရှိထားခဲ့ပြီး ထွက်ထွက်ချင်း နာရီပိုင်းအတွင်းမှာတင် ရောင်းမလောက်ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာတော့ သီချင်းဆိုတာအပြင် စီးပွားရေးကြော်ငြာ ရိုက်ကူးတာတွေ၊ ရှိုးပွဲတွေမှာ သီဆိုရင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
မြန်မာအိုင်ဒေါပြိုင်ပွဲတလျှောက် အားပေးမှုတွေ အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ အားပေးကြတဲ့ ပရိသတ် (Followers) ၆ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
“ငါအိပ်မောကျတိုင်းမှာအလည်လာပြီး… ပြန်ထွက်မသွားနဲ့မိန်းကလေး… အချိန် မှန်မိုးသောက်တဲ့အခါမင်း… အလိုလိုညင်သာစွာကွယ်ပျောက်ရင်း… ဝိုဝူဝိုး အိုအိုး… ဟို အရင်အတိတ်ဘဝကငါ့စွဲလန်းခြင်း… ငါ့ညဒဏ္ဏာရီမှာမင်း… ဝို ဝိုး အိုးဟို… တနေ့ လက်တွေ့ဘဝထဲ… မင်းနဲ့တွေ့နိုင်ခွင့်… ဆုတောင်းတယ်ဟန်နေ... ဟန်နေ”
ခုလတ်တလော အသစ်ထွက်ရှိထားတဲ့ “ပိုက်ကွန်ငယ်”သီချင်းမြူးဇစ်ဗွီဒီယို ထဲမှာ တော့ ဖြိုးမြတ်အောင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး Doron Band ရဲ့ တီးခတ်မှုနဲ့အတူ မော်ဒယ်လ် မေနှင်းက ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။