Home
မြန်မာသတင်း
ကလေးဝမြို့တွင် တော့ကျင်တောင်ပြိုကျ၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 12, 2020
102578017_2812367428903312_6703143015079047036_o
103484735_2812367512236637_2783256570324549888_o
103424943_2812367622236626_4146459578251309994_o
102621116_2812367672236621_1772824455559138891_o
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ဇွန် ၁၁ ရက်နေ့ ည ၆ နာရီလောက်က တော့ကျင်တောင် ပြိုကျမှုဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ပြိုကျမှု ဖြစ်ပွားရာကို ကလေးဝမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ  ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ  ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တောင်ပြိုကျမှုကြောင့် ခရီးသွားပြည်သူ ကျား ၁ ဦး (မစိုးရ) နဲ့ မ ၁ ဦး(စိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိပြီး မြတ်ဒါန လူမှုကူညီရေးယာဉ်နဲ့ ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တောင်ပြိုမှုကြောင့် ခရီးသွားပြည်သူတွေ လမ်းပိတ်ဆိုမှုမဖြစ်စေရေးအတွက် လမ်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဇွန် ၁၁ ရက် ည ၈ နာရီမှာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024