Home
မြန်မာသတင်း
COVID-19 ကပ်ဘေးကာလတွင် ကြံစိုက်တောင်သူနှင့် သကြားစက်ရုံများ အခက်ကြုံ
DVB
·
May 26, 2020
COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ ကြံစိုက်တောင်သူရော သကြားထုတ်လုပ်တဲ့ စက်ရုံတွေပါ အခက်အခဲရှိကြပြီး အရောင်းအဝယ် ရပ်ဆိုင်းသွားလုနီးပါးဖြစ်နေပါတယ်။  ကြံစိုက်ပျိုးတဲ့လူတွေအနေနဲ့ ကြံလုပ်သားတွေ ပြန်ခေါ်ရာမှာ  ခရီးစရိတ်နှစ်ဆပေးရတာတွေနဲ့ ဈေးပိုတောင်းတာတွေရှိတယ်လို့ သိရပါတယ်။ အသင်းတိုက်တွေ ကုန်စည်ဒိုင်တွေကလည်း ပိတ်ထားပြီး ကုန်ပစ္စည်း မမြင်ရပဲ ဖုန်းတွေနဲ့ video call တွေနဲ့ ဆိုတော့ အခက်အခဲရှိတယ်လို့  မြန်မာနိုင်ငံသကြားနှင့် သကာရည် လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဋ္ဌ ဦးမောင်အေးက ပြောပါတယ်။ မြန်မာနိုင်ငံက ထွက်တဲ့သကြားကို တရုတ်နိုင်ငံက ဝယ်ယူတာမရှိပေမယ့် ၂၀၂၀ နှစ်ဆန်းပိုင်းက တရုတ်ဘက်က သကြားစက်ရုံတွေရဲ့ လိုအပ်ချက်အရ ကြံတွေကို လွယ်ဂျယ် ထွက်ပေါက်ကနေတဆင့် တရုတ်နိုင်ငံက ဝယ်ယူတာတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် အစပ်က ကြံစိုက်တောင်သူတွေ ကတော့ ကြံတွေအကုန်ရောင်းချနိုင်ခဲ့တယ်လို့ ကြံစိုက်တောင်သူ ဦးမြင့်ဆွေ က ပြောပါတယ်။ တရုတ်နိုင်ငံက ၂ဝ၁၉ နှစ်စပိုင်းက စတင်ပြီး မြန်မာနိုင်ငံက သကြားဝယ်ယူတာကို ပိတ်လိုက်တဲ့အတွက် ပြည်တွင်းမှာ သကြားတွေ ပိုလျှံနေပြီး ဈေးနှုန်းတွေလည်း ကျနေတယ်လို့ သိရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024