Home
မြန်မာသတင်း
ရမည်းသင်းတွင် လေပြင်းကြောင့် နေအိမ် ၄၂ လုံး ပျက်စီး၊ နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံး
DVB
·
May 11, 2020
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ မေလ ၁၀ ရက် နေ့လယ်က မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၂ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။ ရမည်းသင်းမြို့နယ် ရွှေစည်းခုံရပ်ကွက် အောင်မင်္ဂလာရပ်ကွက်၊ ဝါးတိုးရပ်ကွက်၊ မြို့မရပ်ကွက်၊ အိုင်တိုကျေးရွာအုပ်စု ဆတ်ထိုးကြီး ကျေးရွာအုပ်စု လွှစင်ကျေးရွာအုပ်စု ဆည်ကန်ကျေးရွာအုပ်စု ဆည်ကြီးအုပ်စုတို့မှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာဖြစ်ပြီး သစ်ပင်တွေနဲ့ လမ်းမီးတိုင် ၁၂ တိုင်လည်း လဲကျခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသုရလင်းက ပြောပါတယ်။ "သစ်ပင်တွေ လဲကုန်တယ်၊ လမ်းမီးတိုင်တွေ လဲကုန်တယ်။ မိုးကြိုးပစ်လို့ နွား ၅ ကောင် သေဆုံးသွားတယ်။ လူနေအိမ်တွေ အမိုးလန် ပျက်စီးတယ်။ လေဘေးသင့်သူတွေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ စီစဉ်ပြီး သင့်တော်ရာကို နေရာချထားပေးပါတယ်။" ကနဦးသတင်းတွေအရ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၇၃ သိန်းကျော်တယ်လို့ ခန့်မှန်းထားပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-မြို့နယ်မီးသတ်တပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024