Home
မြန်မာသတင်း
မြန်မာပြည်တွင် ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်ရုပ်ကြွင်းများပြန်သယ် 
Aung Aung Naing
·
March 12, 2020
89979528_509881246569038_6003476106340990976_n
89855284_509880506569112_6236536798646894592_n
89773718_509881163235713_870919458099560448_n
89750906_509880736569089_8290245938887262208_n
89467468_509880476569115_3552983056774070272_n
89115303_509880793235750_3620028716035342336_n
89114051_509880663235763_7097783281726259200_n
89058048_509880539902442_5353615273481994240_n
89437751_509880573235772_2754073265172381696_n
89381183_509881076569055_4298728248537251840_n
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားနဲ့ ရုပ်ကြွင်းတွေပြန်သယ်တဲ့ အခမ်းအနားကို မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မတ်လ ၁၂ ရက်နေ့က ကျင်းပပါတယ်။  အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ ရဲ့ အစီအစဉ်နဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး ဒေသတစ်ဝိုက်မှာ မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးပျောက်ဆုံး ကျန်ရစ်ခဲ့တဲ့ အမေရိကန်စစ်သည်တွေလို့ ဖြစ်နိုင်ခြေ ရှိတဲ့ လူသားရုပ်ကြွင်းတွေကို အမေရိကန်အစိုးရက ဒီနေ့ ပြန်လည် သယ်ယူပို့ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရုပ်ကြွင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဆက်လက်ခွဲခြမ်းစိတ်ဖြာ ရှာဖွေဖော်ထုတ်ဖို့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ ဒီပီအေအေရဲ့ဓာတ်ခွဲခန်းကို ပို့ဆောင်သွားဖို့ ရှိပါတယ်။ သံရုံးဒုတိယအကြီးအကဲ ဂျော့ချ်ဆစ်ဘလီက “လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က ရဲရင့်တဲ့ အမေရိကန်တွေဟာ ငြိမ်းချမ်းရေးတရားမျှတမှုနဲ့ လွတ်လပ်မှု အတွက် သူတို့ရဲ့ မိခင်တိုင်းပြည်နဲ့ ဝေးရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြစ်ကမ်းပါးပေါ်မှာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။  ဖြစ်နိုင်ခြေ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်လည်သယ်ယူပြီး သူတို့ရဲ့တာဝန်ထမ်းရွက်ခဲ့ မှု၊ စွန့်လွတ်အနစ်နာခံခဲ့မှုတွေကို ဂုဏ်ပြုနေသလို ဒီလိုမြင့်မြတ်တဲ့စံတန်ဖိုးတွေကို ထပ်မံ ကတိကဝတ်ပြုပါတယ်။”လို့ ပြောပါတယ်။ ရုပ်ကြွင်းတွေဟာ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပျောက်ဆုံးခဲ့တဲ့ စစ်သည် ခုနစ်ဦး လိုက်ပါသွားသည့် ဘီ-၂၅ဂျီ လေယာဉ်နဲ့ ဆက်စပ်နေမယ်လို့ ရှာဖွေရေး အေဂျင်စီက ယုံကြည်ထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအတွင်း ကျန်ရစ်ပျောက်ဆုံးပြီး ရာဖွေမတွေ့သေးတဲ့ အမေရိကန်စစ်သည် ၅၀၅ ဦး ယနေ့လက်ရှိအချိန်ထိ ကျန်ရှိနေပါသေးတယ်။ မြန်မာနိုင်ငံအတွင်း ၂၀၀၃-၂၀၀၄ မှာ ရှာဖွေရေးအစီအစဉ် ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၃ နှင့် ၂၀၂၀ အတွင်း ၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။  ဒီရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုတွေအတွက် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန် ပြည်ထောင်စုက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့ လည်း သံရုံးဒုတိယအကြီးအကဲ ဂျော့ချ်ဆစ်ဘလီက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024