Live
Home
မြန်မာသတင်း
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေး လုပ်ဆောင်သွားမည်ဟု ဦးရွှေမန်းပြော
ရွှေအောင်
·
March 6, 2013
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌ တဦးအနေနဲ့ရော နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တဦး အနေနဲ့ပါ တတ်နိုင်သလောက် လုပ်ဆောင်ပေးသွားမယ်လို့ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ရန်ကုန်တိုင်း၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်  ဦးခိုင်မောင်ရည်က ပြည်ထောင်စုအစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် ထုတ်ပြန်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ  နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန-၂ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြည်ထောင်စုအစိုးရအနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ်ထုတ်ပြန်ရန် လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့  ဖြေကြားခဲ့ပါတယ်။ အဲ့ဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အခုလို ပြောဆိုခဲ့တာလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။ “အစီအစဉ်ပြီးတော့မှ ဦးခင်မောင်ရည် မေးတာကို ၀န်ကြီးပြောကြားတာ သူရဦးရွှေမန်းက အားမရဘူးထင်တယ်။ သူ့အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ရော၊ ကာလုံမှာပါတဲ့ အဖွဲ့ဝင်တယောက်အနေနဲ့ရော ဒီအစီအစဉ်ဖြစ်မြောက်ရေးအတွက် တတ်နိုင်သလောက် အစွမ်းကုန်ဆောင်ရွက်သွားပါမယ်လို့ ပြောတယ်။ အမှန်ကတော့ ၀န်ကြီးကလည်း လိုတာပေါ့။ ဘာပဲပြောပြော ပြည်သူ့လွှတ်တော်အမတ် ၁ ယောက်ရဲ့ မေးမြန်းချက်ကို အဲဒီလို ပြီးစလွယ်ဖြေဖို့ မကောင်းဘူး ထင်တယ်။  ပြည်သူအတွက်လိုအပ်လို့ ကိုယ်စားလှယ် တယောက်ကမေးတာကို ပေးနိုင်မယ်ဆိုလည်း ပေးမယ်ပေါ့။ မပေးနိုင်ဘူးဆိုရင်လည်း ဘယ်လိုကြောင့် မပေးနိုင်ဘူးဆိုတာ ၀န်ကြီးကပြောရမှာ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024