ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆိုင်ကယ်နှင့် နွားလှည်းတိုက်မိ၊ ကလေး ၁ ဦး သေဆုံး
DVB
·
January 27, 2020

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၃/၅ နဲ့ ၆ အကြား ဝမ်းတွင်းမြို့နယ် ဘုရားစုရွာ အနီးမှာ ဇန်နဝါရီ ၂၅ ရက် ညနေက ကားလမ်းဖြတ်ကူးတဲ့ နွားလှည်းနဲ့ ဆိုင်ကယ်တိုက်မိရာမှ ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "လယ်ယာလုပ်ငန်းခွင်က ပြန်လာတဲ့ နွားလှည်းပါ။ ကားလမ်းကို ဖြတ်ကူးတာက ဆိုင်ကယ်နဲ့ တိုက်မိတယ်၊ မိတ္ထီလာဆေးရုံလွှဲပြောင်း ဆေးကုသနေတုန်း ၁ ဦး သေဆုံးသွားတယ်" လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာနေ ၁၃ နှစ် မောင်ရှိုင်းနော်လင်း မောင်ပြီး မောင်ထူးနော်လင်း လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ ရုံးတောရွာနေ ဦးမြသင်း မောင်းလာတဲ့ နွားလှည်းတို့ တိုက်မိတာပါ။
မောင်ရှိင်းနော်လင်း နဲ့ မောင်ထူးနော်လင်း ၂ ဦးလုံးဒဏ်ရာရသွားပြီး မိတ္ထီလာဆေးရုံကို လွှဲပြောင်းဆေးကုသနေစဉ် မောင်ထူးနော်လင်း သေဆုံးသွားခဲ့ပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းမှာ နွားလှည်းမောင်းသူ ဦးမြသင်းကို နွားလှည်း မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။
သတင်း-မောင်မောင်လင်း