DVB Logo
Home
မြန်မာသတင်း
ဗစ်​တိုးရီးယားအတွက် ​အမှုမှန်​​ပေါ်​ပေါက်​​ရေး ​မန္တလေးတွင် ဆန္ဒပြ
DVB
·
July 8, 2019
ဗစ်​တိုးရီးယားအတွက် ​အမှုမှန်​​ပေါ်​ပေါက်​​ရေး ​မန္တလေးတွင် ဆန္ဒပြ
1 / 9
Donate to DVB

မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့ မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအတွက် တရားမျှတမှုရဖို့ အတွက် မန္တလေးမြို့မှာ ဒီကနေ့မနက်က ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ 

မဟာအောင်မြေမြို့နယ်၊ ၆၆ လမ်းနဲ့ ၃၅ လမ်းကနေစတင်ပြီး မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းအထိ မန္တလေး​ ဒေသခံပြည်​သူ ၁၀၀၀ လောက်က ဆန္ဒပြခဲ့ကြတာပါ။

သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့နဲ့ တရားမျှတမှု ရှိစေဖို့ အဓိကထားပြီး ဆန္ဒထုတ်ဖော်ရတာလည်းဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို သုံးဘီးကားအစီး ၈၀ လောက်ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး တရားဥပဒေစိုးမိုးဖို့ လာရောက်ပူးပေါင်းကြတာ ဖြစ်တယ်လို့ သက်ငယ်မုဒိမ်း လျော့နည်းပပျောက်ရေးအဖွဲ့ တာဝန်ခံ ကိုဝမ်းက ပြောပါတယ်။

ဆန္ဒပြရာမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ကျနော်တို့မျိုးဆက်များ လုံခြုံစိတ်ချ ရသော လူ့အဖွဲ့စည်းတခု ဖန်တီးနိုင်ရေး၊ သက်ငယ်မုဒိမ်း လျော့နည်းပပျောက်ရေးစတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013