Home
မြန်မာသတင်း
ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ လူနေအိမ် ၁၀၀၀ ခန့် ပျက်စီး
Aung Ko Latt
·
May 14, 2019
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မေလ ၁၃ ရက် ညနေ ၅ နာရီလောက်က မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ကျေးရွာ ၂၀ ကျော်က လူနေအိမ်ခြေ ၁၀၀၀ ဝန်းကျင် ပျက်စီးသွားပါတယ်။ ဒါ့အပြင် သာသနိက အဆောက်အဦတွေ၊ စေတီတချို့နဲ့ စာသင်ကျောင်းတချို့လည်း ထိခိုက်ပျက်စီးသွားပါတယ်။ ကနီမြို့နယ် ချင်းတွင်းမြစ်ထဲမှာလည်း မော်တော် ၃ စီး နစ်မြုပ်ခဲ့ပြီး လူအသေအပျောက်တော့ မရှိဘူးလို့ ကနဦး သိရပါတယ်။ လက်ရှိမှာ ဒေသအာဏာပိုင်တွေက အပျက်အစီးစာရင်း ကောက်ယူနေဆဲဖြစ်ပြီး ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ကလည်း နယ်မြေကွင်းဆင်း စစ်ဆေးနေပါတယ်။ သက်ဆိုင်ရာမီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း အပျက်အစီးတွေကို ရှင်းလင်း လုပ်ဆောင်နေသလို လူကယ်ပြန်ဌာနကလည်း ပျက်စီးမှုတွေအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024