DVB Logo
Home
မြန်မာသတင်း
မောင်တောရှိ ဟိန္ဒူဒုက္ခသည်များကို အိန္ဒိယအမျိုးသမီး​ရေးရာအသင်းက စောင်များလှူဒါန်း
DVB
·
January 18, 2019
မောင်တောရှိ ဟိန္ဒူဒုက္ခသည်များကို အိန္ဒိယအမျိုးသမီး​ရေးရာအသင်းက စောင်များလှူဒါန်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာရှိတဲ့ ဟိန္ဒူဒုက္ခသည်တွေအတွက် အိန္ဒိယနိုင်​ငံ အမျိုးသမီး​ရေးရာအသင်းက ခြုံစောင်အထည် ၅၀၀ ပေးအပ်ကူညီ လှူဒါန်းလိုက်ပါတယ်။

အိန္ဒိယ​ကောင်​စစ်​၀န် ရာဂျတ်ရှ်ကူမာ​ဟာ မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာနဲ့ ငါးခူရကျေးရွာကို မနေ့က ကိုယ်တိုင်သွားရောက်ပြီး ဟိန္ဒူမိသားစုဝင်တွေအတွက် အိန္ဒိယနိုင်ငံ အမျိုးသမီး​ရေးရာအသင်းကလှူဒါန်းလိုက်တဲ့ စောင်အထည် ၅၀၀ကို ပေးအပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့လယ်ပိုင်းကလည်း အိန္ဒိယ​ကောင်​စစ်​၀န်ဟာ မောင်တောမြို့ မြို့မ ကညင်တန်းရပ်ကွက်ရှိ ဟိန္ဒူဒုက္ခသည်စခန်းကို ရောက်ရှိလာပြီး ဟိန္ဒူဒုက္ခသည်မိသားစု ၂၇၈ စုအတွက် စောင်အထည် ၂၇၈ ထည်လှူဒါန်းခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးမောင်လှကပြောပါတယ်။

“ကျနော်တို့ ဒုက္ခသည်စခန်းကို အိန္ဒိယ​ကောင်​စစ်​၀န်​ လာရောက်တာ ဒါပထမဆုံး အကြိမ်ပါ။ မိသားစုတစုကို စောင်တထည်စီ လှူဒါန်းပေးခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ ဟိန္ဒူဒုက္ခသည်တွေ ကိုယ်စားကျေးဇူးအထူးတင်ကြောင်း ပြောလိုက်ပါတယ်။ အခုလိုဆောင်းရာသီအချိန်မှာ စောင်အပြင် အနွေးထည်လည်း လိုအပ်နေပါတယ်" ပြောပါတယ်။

ဟိန္ဒူဒုက္ခသည်စခန်းက မိသားစုတွေဟာ ၂၀၁၇ သြဂုတ်လအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် မောင်တောမြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကနေ ထွက်ပြေးပြီး စစ်တွေမြို့တွင်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ကြပြီး ၂၀၁၇ မတ်လက မောင်တောမြို့ ဒုက္ခသည်စခန်းကို ပြောင်းရွေ့လာခဲ့ကြတာပါ။

အခုလက်ရှိ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၇၈ စု၊ လူဦးရေ ကျား ၆၀၂၊ မ ၆၂၃ စုစုပေါင်း ၁၂၀၀ ကျော်နေထိုင်နေပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းတောင်ရွာမှာ မွတ်ဆလင်တွေအတွက် လူနေအိမ် ၆၀နဲ့ မောင်တောမြို့အနီး ရွှေစားကျေးရွာမှာ ဟိန္ဒူတွေအတွက်နေအိမ် ၁၄၈ လုံး၊ မောင်တောမြို့နယ်မြောက်ပိုင်း နံသာတောင်ကျေးရွာမှာ ရခိုင်တွေအတွက် နေအိမ် ၄၂လုံး ဆောက်လုပ် လှူဒါန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013