DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်နေ့ အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပ
DVB
·
January 10, 2019
ကယားပြည်နယ်နေ့ အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပ
1 / 8
Donate to DVB

၆၇ နှစ်​​​မြောက်​ ကယားပြည်​နယ်​​နေ့အထိမ်းအမှတ်​ ဖွင့်ပွဲအခမ်းအနားကို လွိုင်​​ကော်​မြို့က ကယား​ဒေးကွင်းမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ကယားပြည်​နယ်​ဝန်​ကြီးချုပ်​က ဖဲကြိုးဖြတ်​ဖွင့်လှစ်​ခဲ့တာဖြစ်​ပြီး ပြည်​နယ်​လွှတ်​​တော်​ဥက္ကဋ္ဌ၊ လွှတ်​​တော်​ အမတ်​​တွေနဲ့ အစိုးရအဖွဲ့​တွေ တက်​​ရောက်​ခဲ့ပါတယ်​။

အခုပွဲတော်မှာ အစိုးရဌာနဆိုင်​ရာ၊ တိုင်းရင်းသားစာ​ပေနှင့် ယဉ်​​ကျေးမှုအဖွဲ့ လူမှုအသင်း အဖွဲ့​တွေနဲ့ စီးပွား​ရေး လုပ်​ငန်းရှင်​​တွေရဲ့ ပြခန်း​တွေလည်း ပြသထားပါတယ်​။

ဒါအပြင် အားကစားပြိုင်​ပွဲ၊ တိုင်းရင်းသားရိုးရာ အကပြိုင်​ပွဲတွေနဲ့ အခြားဖျော်ဖြေပွဲ တွေလည်း ထည့်သွင်းထားပါတယ်။

အဆိုပါ ကယားပြည်​နယ်​​နေ့အထိမ်းမှတ်​ပွဲ​တော်​ကို ဇန်​နဝါရီလ ၁၀ ရက်​​နေ့မှ ၁၈ ရက်​​နေ့ အထိ ကျင်းပပြုလုပ်​သွားမှာ ဖြစ်​ပါတယ်​။

အရင်က ကရင်​နီပြည်​နယ်​နေ့အဖြစ် ကျင်းပလာတာကနေ  ၁၉၅၂ ခုနှစ်​ ဇန်​နဝါရီလ ၁၅ ရက်​​နေ့မှာတော့ ကယားပြည်​နယ်​အဖြစ် ​ပြောင်းလဲ သတ်​မှတ်​​ခေါ်ဆိုခဲ့ရာကနေ ကယားပြည်​နယ်​​ နေ့အဖြစ်​ နှစ်​စဉ်​ကျင်းပခဲ့တာ ဖြစ်​ပါတယ်​။

ခွန်တူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013