DVB Logo
Home
မြန်မာသတင်း
ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကို ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုအတိုင်းသွားမည်ဟု ဒီကေဘီအေ ပြော
DVB
·
December 27, 2018
ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကို ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုအတိုင်းသွားမည်ဟု ဒီကေဘီအေ ပြော
Donate to DVB

မြဝတီမြို့၊ ရွှေမြစန္ဒီအိမ်ရာစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်သွားရမယ်လို့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ဒီကေဘီအေက ဒီဗွီဘီကို ပြောပါတယ်။

အခုအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မြစန္ဒီအိမ်ယာစီမံကိန်းမြေနေရာဟာ မြဝတီမြို့နယ်၊ အတွင်းမဲကနယ်ကျေးရွာဒေသခံတွေရဲ့ လယ်ယာမြေ ဧက ၃ဝဝ ကျော်၊ အစိုးရပိုင် သစ်တောမြေနေရာတွေမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ။

ဒီကေဘီအေ ဆက်ဆံရေးရုံးတာဝန်ခံ (ဘားအံ) ဗိုလ်မှူး စောစိုးမိုးက “ဗိုလ်ညီညီတို့က ဘယ်လိုလုပ်လဲတော့မသိဘူး။ သူတို့ နေပြည်တော်ကနေပြီး အတိုင်းအတာတွေ ရှိ ကောင်းရှိမှာပေါ့။ ဗိုလ်နှုတ်ခမ်းမွေး ရှိတုန်းကတည်းက လုပ်ထားတာဆိုတော့ ကျနော်ဂဃနဏမသိဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ သွားရမှာပေါ့”လို့ ပြောပါတယ်။

ရွှေမြစန္ဒီအိမ်ရာ စီမံကိန်းကို တရားဥပဒေစိုးမိုးမှုအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်က ပြောဆိုထားပါတယ်။

“ကျူးဆိုရင်တော့ လုံးဝလက်ခံမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုသာလက်ခံနေရင် ဟိုလူဝင်ကျူး၊ ဒီလူဝင်ကျူး၊ ကျမတို့မှာ တရားဥပဒေစိုးမိုးမှုတို့ ဒီလိုမျိုး စည်းမရှိ ကမ်းမရှိ အကုန်လုံးဖြစ်လာလိမ့်မယ်။ ကျမတို့ကတော့ ဒါတွေကိုတော့ ပြတ်ပြတ်သားသားကို ဆောင်ရွက်မယ်”လို့ ပြောပါတယ်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၆ ခုနှစ်လောက်က စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အိမ်ခြံကွက် ၄၅ဝဝ လောက်မှာ နေအိမ်အလုံး ၃ဝဝဝ လောက် ဆောက်လုပ်ထားတယ်လို့ အတွင်းမဲကနယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြေကွက်စတင်ဝယ်ယူစဉ်က မြေတကွက်ကို ထိုင်းဘတ်ငွေ ၅ ထောင်ကျပ်သာပေးရပြီး အခုပေါက်ဈေးမှာ ထိုင်းဘတ်ငွေ ၂ သိန်းလောက် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂ဝ၁၈ ဇွန်လ ၁ဝ ရက်နေ့က စီမံကိန်းအကြောင်းပြပြီး ဒေသခံတွေရဲ့ လယ်ယာမြေတွေကို မတရားသိမ်းဆည်းခဲ့တဲ့အတွက် ဒေသခံ ၃ဝဝ လောက်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရွှေမြစန္ဒီအိမ်ရာ စီမံကိန်းကို ခွင့်ပြုထားခြင်းမရှိတာကြောင့် လုပ်နေတာကြောင့် ပြည်နယ်အစိုးရက အကြိမ်ကြိမ် ခေါ်ယူသတိပေးတားမြစ်မှုတွေ ရှိခဲ့ပေမယ့် ဆက်လက်ဆောင်ရွက်နေတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆွေးနွေးဖို့ ပြည်နယ်အစိုးရက ခေါ်ယူထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013