DVB Logo
Home
မြန်မာသတင်း
မလေးရှားဒါရိုက်တာရိုက်သည့် သွေးပျက်ထိတ်လန့်ဖွယ် မြန်မာရုပ်ရှင်ကား 'တစ္ဆေပါလာပြီ' (နမူနာ)
DVB
·
October 16, 2018
မလေးရှားဒါရိုက်တာရိုက်သည့် သွေးပျက်ထိတ်လန့်ဖွယ် မြန်မာရုပ်ရှင်ကား 'တစ္ဆေပါလာပြီ' (နမူနာ)
Donate to DVB

သွေးပျက်ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ တစ္ဆေပါလာပြီ အမည်ရတဲ့ မြန်မာရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မလေးရှားရုပ်ရှင်ဒါရိုက်တာ R.Perakas Rajaram က ထူးထူးခြားခြား ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ သရဲတစ္ဆေ ပရလောကသားတွေဆိုတာ နောက်ပြောင်စရာမဟုတ်ဘဲ တကယ်ရှိနေတယ်ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးထားတာပါ။ တကယ်လို့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အစိမ်းသေတွေရဲ့ ဝိညာဉ်တွေက ကိုယ့်ကိုမုန်းခဲ့ရင်၊ ဒါမှမဟုတ် ချစ်ခဲ့ရင် ကိုယ့်နောက်ကို ပါလာနိုင်တယ်ဆိုတာကို ယုံကြည်သလား။ နေဝင်မိုးချုပ် အသားစိမ်း၊ ငါးစိမ်းတွေနဲ့ အပြင်ထွက်ခဲ့ရင်ရော ကိုယ့်နောက်ကို တစ္ဆေပါလာပြီဆိုတာကို ယုံကြည်သလား စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ဒီကားထဲမှာ ရှုစားကြရတော့မှာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာနာမည်ကြီးသရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦး၊ အိချောပို၊ ညီထွဋ်ခေါင်၊ ခင်လှိုင်တို့က အဓိကခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်နမူနာဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013