DVB Logo
Home
မြန်မာသတင်း
လူငယ်​​များကြား ​မူးယစ်​​ဆေးဝါး​လျော့ချရေး ဆီဆိုင်​မြို့နယ်တွင် မီနီမာရသွန်​ပွဲပြုလုပ်
DVB
·
August 25, 2018
လူငယ်​​များကြား ​မူးယစ်​​ဆေးဝါး​လျော့ချရေး ဆီဆိုင်​မြို့နယ်တွင် မီနီမာရသွန်​ပွဲပြုလုပ်
Donate to DVB

လူငယ်​​တွေအကြား စိမ့်ဝင်ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆီဆိုင်မြို့နယ်မှာ ကျောင်းအခြေပြု ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တခွင် မီနီမာရသွန်အပြေးပြိုင်ပွဲကို သြဂုတ်​ ၂၅ ရက်​​နေ့က ပြုလုပ်​ခဲ့ပါတယ်​။

ဆီဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု​တွေ အဆမတန်များပြားနေပြီး ကျောင်းသားလူငယ်များကြား ပျံ့နှံ့လာနေတာကြောင့် လျှော့ချနိုင်ရေးအတွက် အခုလို လုပ်ဆောင်တာလို့ ဆီဆိုင်မြို့နယ် အောင်ချမ်း သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောပါတယ်။

“ကျောင်းတွေမှာ ဆေးလိပ်ငွေ့ကင်းစင်အောင်၊ လူငယ်ကြားရောက်ရှိ နေတဲ့ မူးယစ်ဆေးဝါးတွေလျှော့ချနိုင်အောင်လို့ လူငယ်အတွက် အားကစား​​လုပ်ဆောင်တာ ဖြစ်ပါတယ်၊ လူငယ်တွေရဲ့ဝါသနာတွေ စိတ်ဝင်စားမှုတွေကို ပံ့ပိုးပေးနိုင်မယ်ဆိုရင် အတိုင်းအတာတခုထိ ​​လျော့ချမှုလုပ်ဆောင်နိုင်ပါလိမ့်မယ်။”

မီနီမာရသွန်အပြေးပြိုင်ပွဲမှာ အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ​တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒေသခံပြည်သူ​​တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်​။

ဆီဆိုင်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦး​အောင်​နိုင်​က “အခုဟာက လူငယ်​​တွေ အလွယ်​လိုက်​တာ​ပေါ့​နော်။ ဘယ်​​လောက်​ပဲ ထိန်းသိမ်းကွပ်​ကဲမှု​ကောင်း​ကောင်း ယိုပေါက်​​တွေ၊ ထွက်​​ပေါက်​​တွေက ရှိ​နေပါတယ်​။ ဖမ်းတဲ့သူလည်းဖမ်း ပညာ​ပေးတာလည်း​ပေး၊ သို့​သော် ​အရပ်​ထဲလူငယ်​​တွေကြား ပျံ့နေတာပဲ။ စာသင်​​ကျောင်း​တွေမှာ​တွေ မပြန့်​​သေးဘူး” လို့​ပြောပါတယ်​။

ဆီဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုမှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာခဲ့ကာ အောင်ချမ်းသာရပ်ကွက်အတွင်းမှာ ပြီးခဲ့တဲ့ခြောက်လပတ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှု ငါးကြိမ်အထိ ရှိခဲ့ပါတယ်​။

ကျောင်းအခြေပြု မီနီမာရသွန်အပြေးပြိုင်ပွဲကို ကျောင်းသားကျောင်းသူ ​​တွေယှဉ်ပြိုင်ဖို့အတွက် ၂ မိုင်မှ သုံးမိုင် အကွာအဝေးအတွင်း ကျင်းပခဲ့ပါတယ်​။

မူးယစ်ဆေးဝါးသုံးစွဲမှု၊ စိုက်ပျိုးမှု၊ ရောင်းဝယ်ဖောက်ကားမှုတွေ လျှော့ချနိုင်ဖို့အတွက် စာသင်ကျောင်းများတွင် အသိပညာ ဟောပြောပွဲ​​တွေလည်း ကျယ်ပျံ့စွာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်​။

ခွန်​ရာဇာ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013