DVB Logo
Home
မြန်မာသတင်း
အန်စီအေမထိုးသေးသည့်အဖွဲ့များကို လက်မှတ်ထိုးရေး တိုက်တွန်းပေးရန် မေတ္တာရပ်ခံ
DVB
·
May 6, 2018
အန်စီအေမထိုးသေးသည့်အဖွဲ့များကို လက်မှတ်ထိုးရေး တိုက်တွန်းပေးရန် မေတ္တာရပ်ခံ
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပြီးသား အဖွဲ့တွေအနေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို လက်မှတ်ထိုးလာအောင် တိုက်တွန်းပေးကြဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေးဗဟိုဌာန ဒုဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက မေတ္တာရပ်ခံလိုက်ပါတယ်။

မေလ ၅ ရက်နေ့က မွန်ပြည်နယ် ရေးမြို့မှာကျင်းပနေတဲ့ မွန်လူမျိုးအလိုက်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ အခုလို တိုက်တွန်းလိုက်တာပါ။

“လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေနဲ့လည်း လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အန်စီအေ မှာထိုးပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးကြဖို့ ဝိုင်းဝန်းပြီးတော့ တိုက်တွန်းပေးကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါရစေ” လို့ ဒေါက်တာ တင်မျိုးဝင်း ကပြောကြားလိုက်တာပါ။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အန်စီအေ လက်မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) လက်နက်ကိုင်တပ်ဖွဲ့တွေ အပါဝင် စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ လက်မှတ်ထိုးနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013