DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန်စာရင်း ဒုက္ခသည်များကို မမေးဘဲ ဘင်္ဂလားဒေ့ရှ်ပေးပို့ဟု ဒေါက်တာဝင်းမြတ်အေး ပြော
DVB
·
April 24, 2018
နေရပ်ပြန်စာရင်း ဒုက္ခသည်များကို မမေးဘဲ ဘင်္ဂလားဒေ့ရှ်ပေးပို့ဟု ဒေါက်တာဝင်းမြတ်အေး ပြော
Donate to DVB

မြန်မာနိုင်ငံကို ပေးပို့ခဲ့တဲ့ နေရပ်ပြန်မယ့် လူစာရင်းဟာ ဒုက္ခသည်တွေကို မေးမြန်း ဖြည့်စွက်ခိုင်းခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ်စိုးရက မိမိဘာသာဖြည့်စွက်ထားတဲ့ စာရင်းကို ပေးပို့ခဲ့တာ ဖြစ်တယ်လို့ UEHRD ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဧပြီ ၂၃ ရက်နေ့ နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဆောက်အအုံမှာ ဘင်္ဂလားဒေ့ရှ်ဘက်ရောက် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ကြုံခဲ့တဲ့ အကြောင်းအရာတွေအပေါ် ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်တာပါ။

“ဒုက္ခသည်စခန်းကို ရောက်တဲ့အခါကျတော့ အဲဒီမှာရောက်နေတဲ့ နေရပ်စွန့်ခွာသွားတဲ့ သူတွေရဲ့ ဆန္ဒကြည့်လိုက်တော့ ပြန်လာချင်တယ်ဆိုတဲ့ ဆန္ဒကို တွေ့ရတယ်။ သို့သော် ပြန်လာဖို့ အတွက်ကို ဘာတွေလုပ်ပြီးပြီလဲဆိုတော့ ဘာမှ မလုပ်ရသေးဘူး။ ပုံစံတွေလည်း မတွေ့ဖူးဘူး။ ဖြည့်ရတာလည်း မရှိဘူး။ ဒါမျိုး သိသွားတယ်။ ကြန့်ကြာတဲ့ အကြောင်းရင်းသည် သူတို့ကိုယ်တိုင် ပုံစံတွေကို ဖြည့်ရတာ မရှိသေးဘူး။ လာရောက်ပြတာလည်း မရှိသေးဘူး။ ဒါကြောင့် ဖြစ်နိုင်တယ်ဆိုတာ တစ်ချက်ပေါ့။ နောက်တစ်ချက်က ဘာဖြစ်လည်းဆိုတော့ ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ စာရင်းတွေ ပို့တာရှိတယ်။ စာရင်းတွေပို့တဲ့ ဟာကို ကြည့်လိုက်တော့ ဒုက္ခသည်တွေက သူတို့မသိဘူးဆိုတော့ ဒီစာရင်းတွေသည် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ လွဲနေတာပေါ့။ အဲဒါကြောင့် ပိုပြီးတော့ သေချာအောင်ဆိုပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့လိုက်တော့ အဲဒီမှာ ပေါ်လွင်တာက သူတို့ ဒီပုံစံနဲ့ ဖြည့်ပြီး ပို့တာ မရှိဘူးဆိုတာ ဖြစ်သွားတယ်။”

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ အမှန်ဒုက္ခသည်တွေကို မေးမြန်းဖြည့်စွက်ခိုင်းတာ မရှိခဲ့တဲ့အတွက် အချက်အလက်လွဲမှားနေပြီး ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်ဟာ လက်ရှိအချိန်ထိ အကောင်အထည်မဖော်နိုင်သေးတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအတွက် ဒုက္ခသည်တွေကိုယ်တိုင် အချက်လက်စာရင်းဖြည့်စွက်နိုင်ဖို့နဲ့ မိုးမကျခင် ပြန်လည်နေရာချထားနိုင်ဖို့အတွက် ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်တွေ လုပ်ဆောင်နေပြီလို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013