DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ဟိုတယ်အခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦး ဖမ်းမိ
DVB
·
December 11, 2017
မိတ္ထီလာတွင် ဟိုတယ်အခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦး ဖမ်းမိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မြို့မ (၄) ရပ်ကွက် ဟန်းနီးဟိုတယ်မှာ စိတ်ကြွဆေးပြားတွေနဲ့အတူ အမျိုးသား ၃ ဦးကို ဒီဇင်ဘာ ၉ ရက်က ဖမ်းမိတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျအရာရှိက ပြောပါတယ်။

ရဲတပ်ဖွဲ့က ဟန်းနီးဟိုတယ်အခန်းအမှတ် (၃၀၃) ကို ဝင်ရောက်ရှာဖွေရာ အခန်းအတွင်းမှာ သက်ထွေးမောင်(ခ)ဖိုးသား၊ သော်ဇင်အောင်(ခ)ငဘွင်းနဲ့ ဝင်းမင်းသန်း(ခ)ကြယ်နီတို့ ၃ ဦးကို 88/1 စာတန်းပါ စိတ်ကြွဆေးပြားအပြား ၂၀၀ နဲ့ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့တာပါ။

မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ ရဲအုပ်တဦးက “စိတ်ကြွဆေးပြား တပြားကို ၂၅၀၀ နဲ့ တွက်ရင် ကာလတန်ဖိုး ၅ သိန်းပေါ့ အလေးချိန် ၂၀ ဂရမ်ရှိတယ်။ ဆက်စပ်ကွင်းဆက်တွေလည်း စုံစမ်းနေတယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက သက်ထွေးမောင်၊ သော်ဇင်အောင်နဲ့ ဝင်းမင်းသန်းတို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဥပဒေ လက်ဝယ်ထားရှိမှု၊ ရောင်းချမှု၊ ထုတ်လုပ်ဖြန့်ဖြူးမှု၊ အားပေးကူညီမှု၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁/၂၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013