Live
Home
မြန်မာသတင်း
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
နေဖြိုးဝင်း
·
August 19, 2017
လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သြဂုတ်လ ၁၈ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြား ပြီး တစ်ပိုဒ်ချင်းစီအတည်ပြုလိုက်ပါတယ်။ ယခင်က နိုင်ငံတော်စီမံကိန်းတွေအတွက် လယ်ယာမြေတွေ သိမ်းယူတာမှာ အနည်း ဆုံးပမာဏကိုသာ သိမ်းယူရမှာဖြစ်ပြီး စီမံကိန်းကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဖို့နဲ့ စီမံကိန်း ဆောင်ရွက်ခြင်း မပြုတော့ရင် မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ပြန်လည်ပေး အပ်ရမယ်လို့ ပြဌာန်းထားတာပါ။ အခုပြင်ဆင်ချက်အရ နိုင်ငံတော်စီမံကိန်းတွေအတွက် လယ်ယာမြေတွေ သိမ်းယူတာမှာ အနည်းဆုံးပမာဏကိုသာ သိမ်းယူရမှာဖြစ်ပြီး စီမံကိန်းကို သတ်မှတ်ကာလအတွင်း အကောင် အထည်ဖော်ဖို့နဲ့ စီမံကိန်းကာလ ကုန်ဆုံးလို့ အသုံးပြုနိုင်ခြင်းမရှိတော့တဲ့ လယ်ယာမြေကို သိမ်းဆည်းစဉ်က လုပ်ကိုင်ခဲ့တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရမယ်လို့ ပြင်ဆင်အတည်ပြုခဲ့ပါတယ်။ ဒါအပြင် လယ်ယာမြေကို အခြားနည်းအသုံးပြုဖို့ ခွင့်ပြုချက်ရပြီးတဲ့ နေ့ကစပြီး ခြောက်လအတွင်း သတ်မှတ် နည်းလမ်းအတိုင်း စတင်အသုံးမပြုတာဖြစ်စေ၊ သတ်မှတ်ကာလအတွင်း လုပ်ငန်း မပြီးစီးတာဖြစ်စေ ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်လို့ မူလပြဌာန်းချက်အစား ခွင့်ပြုမိန့်ကို ပြန် လည်ပယ်ဖျက်ပြီး လယ်ယာမြေကို ပြန်လည်သိမ်းယူရမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေအရ မည်သူမျှ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျုးကျော်လုပ်ကိုင်ခြင်း မပြုရဆိုတဲ့အ ချက်ကိုလည်း အစားထိုးထည့်သွင်းအတည်ခဲ့ပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအတိုင်း တောင်သူလယ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်တယ်လို့ မူလပြဌာန်းချက်အစား တောင်သူလယ်သမားတွေနဲ့ ဖွဲ့စည်းနိုင်တယ်လို့ လည်း ပြင်ဆင်အတည်ပြုလိုက်ပါတယ်။ လယ်ယာမြေကို မူလစိုက်ပျိုးနေတဲ့  သီးနှံအမျိုးအစားကနေ အခြားသီးနှံအမျိုးအစားကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမရှိရဆိုတဲ့ မူလပြဌာန်းချက်အစား လယ်ယာမြေကို ရာသီသီးနှံအမျိုးအစားကနေ အခြား သီးနှံအမျိုးအစားကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရလို့ ပြင်ဆင်လိုက်ပါတယ်။ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ လယ်ယာ မြေကို လှပ်ထားခြင်းမပြုရဆိုတဲ့ မူလပြဌာန်းချက်မှာတော့ သို့သော် လယ်ယာမြေကို လှပ်ထားဖို့ အကြောင်းတစ်စုံ ပေါ်ပေါက်ရင် မြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကတစ်ဆင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြရမှာဖြစ်ပြီး လှပ်ထားတာကိုလည်း ရွှေ့ပြောင်း တောင်ယာမြေမှအပ နှစ်နှစ် ဆက်တိုက်ထက် မပိုစေရ ဆိုပြီး အစားထိုး အတည်ပြုခဲ့ပါတယ်။ မူလဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ အစားထိုးအတည်ပြုထားတဲ့အချက်တွေနဲ့ ဥပဒေတစ်ခုလုံးကို ကန့်ကွက်သူ မရှိတဲ့ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024