Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး ကားလမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်
DVB
·
August 4, 2017
ပဲခူးတိုင်းဒေကြီး ကျောက်တံခါးမြို့ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၁၁၈/၇ နဲ့ ၁၁၉/၀ အကြားမှာ ဒီနေ့မနက် ၂ နာရီလောက်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကျာက်တံခါးမြို့မရဲတပ်ဖွဲစခန်းက ပြောပါတယ်။ “ကားတစီးက ရန်ကုန်ဘက်ကလာတယ်။ နောက်တစီးက မန္တလေးဘက်ကလာတာ။ နှစ်စီးလုံးက ရှေ့ကကားတွေကို ကျော်တက်ကြရင်း မျက်နှာချင်းဆိုင် လမ်းလယ်မှာ တိုက်မိတာပါ။ အိမ်စီးကားလေးမှာ ပါလာတဲ့ သူနှစ်ယောက်ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်းစရာမရှိပါဘူး။ အခုနှစ်ဘက်လုံးကို အမှုဖွင့်ထားပါတယ်” လို့ ကျာက်တံခါးမြို့မရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦး ပြောပါတယ်။ ရန်ကုန်ကနေ မန္တလေးကို ယာဉ်မောင်း စောဖောကဒေါ်ကီး မောင်းနှင်လာတဲ့ ယာဉ်နဲ့ မန္တလေးကနေ ရန်ကုန်ကို ယာဉ်မောင်း ထွန်းထွန်းဝင်း မောင်းနှင်လာတဲ့ ယာဉ်တို့ဟာ ကျောက်တံခါးမြို့နယ် ကျွန်းကုန်းကျေးရွာအနီး ကားလမ်းဟောင်း အလယ်ကောင်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်းက စောဖောကဒေါ်ကီးနဲ့ ထွန်းထွန်းဝင်းတို့ကို ယာဉ်အားမဆင်မခြင် လူများထိခိုက်ဒဏ်ရာရှိအောင်မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်-၃၃၇ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024