Home
မြန်မာသတင်း
လင်မယားလိုပေါင်းသင်းသည့် အိမ်ထောင်ရှိ ရဲတပ်သားအား ရည်စားဖြစ်သူက အမှုဖွင့်
DVB
·
May 27, 2017
အိမ်ထောင်ရှိ ရဲတပ်သားတဦးက အမျိုးသမီးတဦးအား လင်မယားလို ပေါင်းသင်းနေထိုင်ခဲ့တာကြောင့် တလင်တမယားဥပဒေနဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ရဲတပ်သား လမျိုးထွန်းနဲ့ ချစ်ကြိုက်ခဲ့သူ မ-----က တလင်တမယားဥပဒေ ပုဒ်မ ၁၃ နဲ့ လမျိုးထွန်းကို အမှုဖွင့်ခဲ့တာလို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။ အမှတ် ၂ ရဲစခန်း ဒုရဲအုပ် ချစ်ဇော်ဝိုင်းက '"ကျီတော်ကုန်းရပ်က တည်းခိုခန်းတခုမှာ ၂၀၁၆ ဇွန် ၁၆ ကနေ အောက်တိုဘာ ၁၆ အထိ လေးလလောက်ချိန်းတွေ့ပြီး လင်မယားလို ပေါင်းသင်းခဲ့တယ်။ ရဲတပ်သား လမျိုးထွန်းမှာ အိမ်ထောင်ရှိတာသိသွားလို့ ဒီနေ့ပဲ အမှုလာဖွင့် တယ်" လို့ ပြောပါတယ်။ ချည်စက်ရပ်ကွက်နေသူတဦးက "ရဲတပ်သားလေးမှာ အိမ်ထောင်နဲ့ မကွာရှင်းရသေးဘူး၊ ပေါင်းနေတုန်းပဲ သိလိုက်လို့ တလင်တမယားဥပဒေနဲ့ အမှုဖွင့်လိုက်တာဖြစ်မယ်" လို့ ပြောပါတယ်။ အမှုအား စစ်ဆေးနေပြီး ရဲတပ်သား လမျိုးထွန်းကို နမစ (၃) ထီလာအချုပ်မှာ ဖမ်းဆီးချုပ်နှောင်ထားကာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024