ကြားဖြတ်ရွေးကောက်ပွဲ အန်အယ်လ်ဒီ မဲဆွယ်စည်းရုံးရေး အနုပညာရှင်များ ဖျော်ဖြေ
DVB
·
March 23, 2017
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအတွက် အနုပညာရှင်တွေက ဒီနေ့ မဲဆွယ်စည်းရုံးဖျော်ဖြေနေကြပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းအတွက် တေးသံရှင် ကော်နီ၊ သျှီ၊ သီရီကိုကို စတဲ့ နာမည်ကြီး အဆိုတော်တွေအပြင် အဆိုတော်သစ်တွေကလည်း ဝင်ရောက်မဲဆွယ်ပေးနေကြ ပါတယ်။
မဲဆွယ်တဲ့နေရာမှာ အန်အယ်လ်ဒီပါတီကိုထောက်ခံတဲ့ မဲဆန္ဒရှင် ၁၀၀ ကျော်ကလည်း လာရောက် အားပေးနေကြပါတယ်။