Home
မြန်မာသတင်း
တပ်မတော်က လောက်ကိုင်မြို့တွင်း အသေးစိတ်မြေပြင်ရှင်းလင်းမှုစတင် (ရုပ်သံ)
ခွန်ဇော်ဦး
·
March 7, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ထဲမှာ မြန်မာ့တပ်မတော်က ခြေလျင်တပ်တွေဟာ   ဒီနေ့ နေ့လယ်က စပြီး မြို့တွင်းလှည့်လည်ကာ အသေးစိပ်ရှင်းလင်းမှုတွေ စတင်ပြုလုပ်နေပါတယ်။ မြို့ပေါ်မှာပင် လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံ အတိုင်းသားကြားနေရပြီး စစ်သံချပ်ကား တွေလည်း မြို့တွင်းကင်းလှည့်နေကာ  လမ်းတလျှောက် တပ်မတော်က လုံခြုံရေး တိုးမြှင့်ထားပါတယ်။ အရင်က လူစည်ကားနေတဲ့ လောက်ကိုင်မြို့ပေါ်မှာ လူသူကင်းမဲ့သလောက် နည်းပါးနေပြီး ဒေသခံအများစုကတော့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးရှောင်တိမ်းနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024