DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် လူကုန်ကူးသူများကို ဖမ်းဆီးအမှုဖွင့်
DVB
·
January 21, 2017
မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် လူကုန်ကူးသူများကို ဖမ်းဆီးအမှုဖွင့်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ယာ၊ တိုက်အမှတ် ၂၈၊ အခန်း ၃၀၁၊ ၄ လွှာမှာ တရုတ်နိုင်ငံ ပို့ဆောင်ရောင်းစားဖို့အတွက် အမျိုးသမီးငယ်တွေအား စည်းရုံးပြောဆို သူတွေကို ဖမ်းမိခဲ့ပါတယ်။

သတင်းပေးချက်အရ  ဇန်န၀ါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ ယာယီရဲမှူး မျိုးသိန်းနဲ့ ပူးပေါင်းအဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေရာ တရုတ်ယောက်ျားယူဖို့ စည်းရုံးပြောဆိုသူ မမြတ်နိုး(ခ)မြင့်မြင့်စိုးပါ ၃ ဦးကို ဖမ်းဆီးရမိပြီး လှိုင်သာယာမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေသူ မ---- နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် နေသူ မ----တို့ ၂ ဦးကို လွန်ခဲ့တဲ့ ၁ လခန့်က မမြတ်နိုးနဲ့ ခင်ပွန်း တရုတ်နိုင်ငံသား Mr.LIJIE နဲ့ မနီလာဝင်း ဆိုသူတို့မှ တရုတ်အမျိုးသားနဲ့ လက်ထပ်ပေါင်းသင်းပါက ချမ်းသာစွာနေရမယ့်အပြင် မိသားစုစားဝတ်နေရေးကိုလည်း ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးအား တဦးကို မြန်မာ ကျပ်ငွေ ၁၅ သိန်းပေးမယ်လို့ ပြောဆိုစည်းရုံးပြီး တရုတ် နိုင်ငံ သွားရောက်ဖို့ နိုင်ငံကူး လက်မှတ်ပြုလုပ်နေစဉ် မမြတ်နိုးတို့ ၃ ဦး လွန်ခဲ့တဲ့ ၂ လလောက်က တရုတ်နိုင်ငံကို ပို့ဆောင်ရောင်းစားခံခဲ့ရသူ ဒဂုံမြို့သစ်တောင်ပိုင်းနေသူ မ----၏သူငယ်ချင်းက ဖုန်းဆက်သွယ်လာပြီး သူမကို ငွေကျပ်သိန်း ၂၀ ပေးမယ်လို့ စည်းရုံးပြီး တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ ရောက်တဲ့အခါ ယွမ် ၂ သိန်းနဲ့ တရုတ်အမျိုးသားထံ ရောင်းစားခံခဲ့ရကြောင်း၊ မိခင်ဖြစ်သူထံအကြောင်းကြားပေးဖို့နဲ့ တရုတ်နိုင်ငံကို လိုက်မလာဖို့၊ လိုက်လာပါက ထပ်မံရောင်းစား ခံရမယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေအရ တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့ စည်းရုံးပြောဆိုခဲ့တဲ့ မမြတ်နိုးနဲ့ခင်ပွန်း တရုတ်နိုင်ငံသား Mr.LIJIE နိုင်ငံကူးလက်မှတ် E-4558 8273 တရုတ်နိုင်ငံ၊ ဟက်ဗစ်ပြည်နယ်၊ ဖူးကျုံးမြို့ဇာတိနဲ့ လှိုင်သာယာမြို့နယ် နေသူ မနီလာဝင်းတို့ကို လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၅၅/၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေ-၂၄/၃၂ နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013