Home
မြန်မာသတင်း
ဖွတ်မဟု မစန္ဒီမြင့်အောင်ကို ခိုင်းနှိုင်းသုံးခဲ့သည့် မချောစန္ဒီထွန်းကို ၆၆ (ဃ)ဖြင့် အမှုဖွင့်
DVB
·
November 27, 2016
  ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ပဲခူးမြို့က မစန္ဒီမြင့်အောင်က မအူပင်မြို့က ချစ်သမီး (ခ) မချောစန္ဒီထွန်းကို ၆၆(ဃ) နဲ့ အမှုဖွင့်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ညစ်ညမ်းစွားရေးသားဖော်ပြလို့ဆိုပြီး ၆၆(ဃ) နဲ့အမှုဖွင့် တိုင်ကြား ခံထားရတဲ့ ပဲခူးမြို့ကလျာဏီရပ်ကွက်က မစန္ဒီမြင့်အောင်က မအူပင်မြို့နယ်က မချောစန္ဒီထွန်း(ခ) ချစ်သမီးကို နိုဝင်ဘာ ၁၈ ရက်နေ့က ပဲခူးမြို့နယ် အမှတ် (၂) ရဲစခန်းမှာ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတာရှိတယ်လို့ အမှတ်(၂)နယ်မြေရဲစခန်းကပြောပါတယ်။ ချစ်သမီးကို အမှုဖွင့်တိုင်ကြားရတာကတော့ နိုဝင်ဘာ ၁၇ ရက်နေ့က ချောစန္ဒီထွန်း(ခ)ချစ်သမီး အကောင့်ကနေ ပဲခူးက စန္ဒီမြင့်အောင် ဖွတ်မ ဆိုပြီး တိရစ္ဆာန်တကောင်နဲ့ ခိုင်းနှိုင်းသုံးနှုန်းပြီး တင်လိုက်တဲ့အတွက် တိုင်ကြားတာဖြစ်တယ်လို့သိရပါတယ်။ “သမီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညစ်ညမ်းစွာဆဲဆိုမှုနဲ့ တရားစွဲခံထားရပါတယ်။ အဲဒီ အမှုကို သမီးအနေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ တဖက်ကနေပြီးတော့ ထိုးနှပ်လာတယ်။ သူတို့ အနေနဲ့ကတော့ ဖွတ်မဆိုပြီးသုံးတာမရိုင်းဘူးဆိုပြီးတင်တယ်၊ ဒါပေမယ့် အဲဒီစကားတွေရဲ့ အောက်မှာ ကွန်းမန့်တွေက ကြတော့ ပုဂ္ဂိုလ်ရေးဆန်တယ်။ မဟုတ်တာတွေရော။ ဟုတ်တာတွေ ရော၊ အကုန်ဝိုင်းဆဲတာတွေ လုပ်တယ်။ ကိုယ့်ရဲ့သိက္ခာကိုလည်း ထိခိုက်နေတဲ့ အတွက် တယောက်ကို သာဓက အနေနဲ့စွဲပြလိုက်တာပါ”လို့ မစန္ဒီမြင့်အောင် က ပြောပါတယ်။ “ကျနော်တို့ ၂၃ ရက်နေ့က ချစ်သမီး ရှိတဲ့ မအူပင်ကိုသွားတယ်။ ချစ်သမီးကို စစ်တယ်။ သူအသုံးပြုတဲ့ ဖုန်းကိုသိမ်းခဲ့တယ်။ ၂၈ ရက်နေ့မှာ နေပြည်တော်က CID ပေးပို့ပြီး ဒီဖုန်းနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်ကို တောင်းမယ်။ ပြီးမှ အမှုကို ဆက်လက်တည်ဆောက်သွားမယ်”လို့ အမှတ် (၂) နယ်မြေရဲစခန်းက အမှုစစ် ဒုရဲအုပ်ထွန်းအောင်နိုင်က ဒီဗွီဘီကို ပြောပါတယ်။ သတင်း - အောင်စိုးမိုး (ပဲခူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024