DVB Logo
Home
မေးမြန်းခန်း
ဧရာဝတီမြစ်ကြီး​ကို အသက်ရှင်​စေချင်တယ် (ဆရာ​မောင်ဝံသနှင့်​ ​မေး​မြန်း​ချက်)
DVB
·
September 1, 2011
ဧရာဝတီမြစ်ကြီး​ကို အသက်ရှင်​စေချင်တယ် (ဆရာ​မောင်ဝံသနှင့်​ ​မေး​မြန်း​ချက်)
Donate to DVB

ဧရာဝတီမြစ် တိမ်​ကောပ​ပျောက်သွား​စေမယ့်​ ဧရာဝတီမြစ်ဆုံစီမံကိန်း​ တည်​ဆောက်​နေမှု ရပ်တန့်​ပေး​ဖို့​ ဧရာဝတီကို ထာဝရရှင်သန်​စေလိုသူများ​အဖွဲ့​က သမ္မတဦး​သိန်း​စိန်ထံ ဒီက​နေ့​ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုလိုက်ကြပါတယ်။

[caption id="attachment_15026" align="alignleft" width="310" caption="စာရေးဆရာ ​မောင်ဝံသ (ဓာတ်ပုံ - myanmarisp.com)"][/caption]

လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုမှာ ပါဝင်လက်မှတ်​ရေး​ထိုး​တဲ့​ စာ​ရေး​ဆရာ၊​ သတင်း​စာဆရာ ​မောင်ဝံသကို ​မေး​မြန်း​ထား​ပါတယ်။

ဆရာလက်မှတ်ထိုး​တာ စာ​ပေပညာရှင် တ​ယောက်အ​နေနဲ့​ ထိုး​တာလား​၊​ ဒါမှမဟုတ် မြန်မာပြည်သား​ တ​ယောက်အ​နေနဲ့​ ထိုး​တာလား​။ ဘာ​ကြောင့်​ လက်မှတ်ထိုး​တယ်ဆိုတာ ​ပြောပြ​ပေး​ပါ။

“နှစ်ခုစလုံး​အ​နေနဲ့​ပေါ့​ဗျာ။ မြန်မာပြည်သား​ တ​ယောက် အ​နေနဲ့​အဆင့်​က ပထမ​ပေါ့​။ ဒုတိယက​တော့​ ကျ​နော့်​ရဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ပေါ့​။ စာနယ်ဇင်း​သမား​ပေါ့​၊​ သတင်း​စာသမား​ စာ​ရေး​ဆရာ။”

ဒီဧရာဝတီက ဘယ်​လောက်အထိ အ​ရေး​တကြီး​ ကယ်တင်ဖို့​ လိုအပ်​နေပြီလို့​ ဆရာထင်မြင် ယူဆမိပါသလဲခင်ဗျ။

“ကျ​နော်က​တော့​ ဖတ်ထား​တာ​တွေက​တော့​ အများ​ကြီး​ဗျ။ ​နောက် ကျ​နော်တို့​ စာနယ်ဇင်း​တွေမှာ ပြည်တွင်း​ စာနယ်ဇင်း​တွေမှာ ​တွေ့​ရတာ​တွေလည်း​ အများ​ကြီး​ပဲ​လေ။ ပြီး​တော့​ ကျ​နော့်​မိတ်​ဆွေ ဓာတ်ပုံဆရာ​တွေ၊​ ​နောက် ကျ​နော်မိတ်​ဆွေ ခရီး​သွား​ပြီး​တော့​ ခရီး​သွား​ဆောင်း​ပါး​တွေ ​ရေး​တဲ့​ ပုဂ္ဂိုလ်​တွေ၊​ သူတို့​ဆီက ဓာတ်ပုံ​တွေလည်း​ ​တွေ့​ရတယ်။ ​ဆောင်း​ပါး​တွေလည်း​ ဖတ်ရတယ် အ​ခြေအ​နေက ​ပြောရရင်​တော့​ အများ​ကြီး​ပေါ့​။ ဒါ​ပေမယ့်​ ခြုံ​ပြောလို့​ရှိရင် ဒါက တိုင်း​ပြည်အတွက် အ​ရေး​ကြီး​တဲ့​ ကိစ္စ ဖြစ်​နေတယ်။ အဲဒီ​တော့​ ကျ​နော်တို့​ကလည်း​ ဒါကို ဝင်ပြီး​တော့​ မိမိရဲ့​ ဆန္ဒကို ​ဖော်ထုတ်ရတာ​ပေါ့​။”

ဘယ်​လောက် အ​ရေး​တကြီး​ လိုအပ်​နေပြီလဲ။

“ကျ​နော်တို့​က ဧရာဝတီမြစ်ကြီး​ကို အသက်ရှင်​စေချင်တယ်ဗျာ။ ရှင်သန်​စေချင်တယ်။ ဧရာဝတီမြစ်ကြီး​ အန္တရာယ်ကင်း​စေချင်တယ်။ အဲဒါပါပဲ လိုရင်း​ပြောရမယ်ဆိုရင် အဲဒါပါပဲ။ အဲဒီ​တော့​ အန္တရာယ်အလား​အလာ​တွေ ရှိ​နေတယ် အန္တရာယ်​တွေကို မြင်​နေရတယ်​ပေါ့​ဗျာ။ ဒီအတိုင်း​ ဆက်သွား​မယ် ဆိုလို့​ရှိရင်​တော့​ ဧရာဝတီ မြစ်ကြီး​အတွက်က ရင်​လေး​စရာ​ကောင်း​တယ် အဲဒီလို မြင်ရပါတယ်။”

အစိုး​ရက သတင်း​စာရှင်း​လင်း​ပွဲမှာ ဧရာဝတီမြစ်စုံ ​ရေကာတာနဲ့​ ပတ်သက်ပြီး​ ​မေး​တဲ့​အခါမှာ အစိုး​ရအဖွဲ့​ တာဝန်ရှိ ​ပြောသွား​တဲ့​ အထဲမှာ သူတို့​လည်း​ ရမ်း​မလုပ်ပါဘူး​၊​ သူတို့​လည်း​ ဧရာဝတီကို ချစ်ပါတယ်​ပေါ့​။ ဒီအ​ပေါ်မှာ ဆရာတို့​ အခု ကမ်ပိန်း​နဲ့​ ​ပေါင်း​စပ်ပြီး​ ​ပြောရင် ဘယ်​လောက်အထိ အကျိုး​သက်​ရောက်မှု ရှိလာနိုင်လဲ။ ဘယ်​လောက်အထိ ​မျှော်လင့်​နိုင်မလဲ ဆရာ။

“အဲဒီလို ​ပြောတာကို ကျ​နော်တို့​က​တော့​ ကြိုဆိုတယ်​လေ။ ဒါ​ပေမယ့်​ လုပ်စရာရှိတာ ဆက်လုပ်သွား​မယ်လို့​ ​ပြောတာထက်စာရင် ဒါကို ချိန်ချိန်စစနဲ့​ လုပ်တယ်၊​ ဘက်​ပေါင်း​စုံက ​လေ့​လာပြီး​ ဆက်ပြီး​တော့​ လုပ်သင့်​ မလုပ်သင့်​ကို ​ဆောင်ရွက်သွား​မယ် ဆိုတဲ့​ သ​ဘောထား​မျိုး​ ​ပြောတာကို ကျ​နော်တို့​က သ​ဘောကျတယ်။ အဲဒီအတိုင်း​ပဲ ဖြစ်​စေချင်တယ်​လေ။

“ဆိုလိုတာက ကျ​နော်တို့​ကပဲ တဖက်သတ် အစိုး​ရိမ်ကြီး​နေတယ် ဆိုတာ ဆိုရင်လည်း​ တကယ့်​ကို ခိုင်လုံတဲ့​ အ​ကြောင်း​အရာ​တွေနဲ့​ ​ပြောရင် ကျ​နော်တို့​က ဟိုဘက် ဒီဘက် ​လေ့​လာလို့​ ရတာ​ပေါ့​။ အခု ကျ​နော်တို့​က ဒီဘက်က ဒါကို ဆက်လုပ်မယ်ဆိုတဲ့​ အရင်လုပ်ထား​တဲ့​ ပုဂ္ဂိုလ်​တွေဘက်က ​ပြောတာဆိုရင် သတင်း​စာ ​ဆောင်း​ပါး​ ၂ ပုဒ်​လောက်ပဲ ကျ​နော် ​သေချာ ဖတ်ရ​သေး​တယ်။ ဒါ​ပေမယ့်​ တဖက်က ဆိုကျိုး​တွေ ဖြစ်နိုင်တယ်ဆိုတဲ့​ အ​ကြောင်း​ကြ​တော့​ ​တော်​တော်များ​တယ်ဗျ။ ကျ​နော် သိသ​လောက်က​တော့​။ အဲဒီလို ဖြစ်​နေတယ်။ အဲဒီ​တော့​ နှိုင်း​နှိုင်း​ချိန်ချိန်နဲ့​ လုပ်သွား​မယ်ဆိုတဲ့​ သ​ဘောထား​ရှိတယ် ဆိုရင်​တော့​ ​ကောင်း​ပါတယ်။”

ဧရာဝတီနဲ့​ ပတ်သက်ပြီး​ ပြည်သူ​တွေ သိသင့်​တယ်ထင်တဲ့​ ဒါမှမဟုတ် တမျိုး​သား​လုံး​ သိသင့်​တယ်ဆိုတဲ့​ အပိုင်း​လေး​ ​ပြော​ပေး​ပါလား​။

“ဧရာဝတီမြစ်​ကြောင်း​ ကမ်း​ရိုး​တ​လျှောက်မှာ ​နေတဲ့​ လူ​တွေက​တော့​ ကျ​နော်တို့​ထက်​တောင် ပိုသိဦး​မယ်ဗျ။ ​နောက်တခါ အခု ​ပြော​နေကြတဲ့​နေရာ မြစ်စုံ​ဒေသမှာရှိတဲ့​ လူ​တွေအတွက်လည်း​ ပို​နေမှာပဲ။ ကျ​နော်တို့​က မလိုအပ်ဘဲနဲ့​ ပုံကြီး​ချဲ့​တဲ့​ သ​ဘောလည်း​ ဘယ်လိုမှ မဖြစ်ချင်ဘူး​။ မဖြစ်​စေချင်တာ ပြည်သူ​တွေ ကိုယ်တိုင်ကလည်း​ ဒီအ​ပေါ်မှာ စိတ်ဝင်စား​ပြီး​တော့​ ​လေ့​လာပြီး​တော့​မှ ကိုယ့်​ဆန္ဒကိုယ် ​ဖော်ထုတ်ကြဖို့​ အဲဒီလို ကျ​နော်က တိုက်တွန်း​ချင်တယ်။”

ဒီဧရာဝတီနဲ့​ ပတ်သက်ပြီး​ ​ရေး​သား​ပြောဆို​နေတာ​တွေက ပုံကြီး​ချဲ့​တယ်လို့​ ​ပြောမယ်ဆိုရင် ​ရပါသလား​။

“ကျ​နော်က​တော့​ အဲဒီလို မမြင်ဘူး​လေ။ ကျ​နော်က​တော့​ ပုံကြီး​ချဲ့​တာ မဟုတ်ဘူး​။ ဒီလူ​တွေက တကယ့်​ကို မျက်မြင်​ရေး​တဲ့​လူ​တွေဗျာ အများ​ကြီး​ ရှိပါတယ်။ ဓာတ်ပုံ​တွေ ရိုက်ခဲ့​တဲ့​လူ​တွေ၊​ ရုပ်ရှင်​တွေ ရိုက်ခဲ့​တဲ့​လူ​တွေ အဲဒီလို လူ​တွေ အများ​ကြီး​ ရှိပါတယ်။ အဲဒီ​တော့​ ဒီလို လူ​တွေကျ​တော့​ ကျ​နော်က လူ​တွေကိုပါ သိ​နေတာ​လေ။ ဒီလူ​တွေက မဟုတ်တာ ​ပြောမယ့်​သူ​တွေ မဟုတ်ဘူး​။ ပုံကြီး​ချဲ့​မယ့်​ လူ​တွေလည်း​ မဟုတ်ဘူး​။ အဲဒီလို ကျ​နော် ယုံကြည်မှုနဲ့​ ​ပြောတာပါ။”

ဒီ​လောက် ကျယ်ကျယ်​လောင်​လောင် ဧရာဝတီနဲ့​ ပတ်သက်ပြီး​ ဝိုင်း​ဝန်း​ ​ပြောဆို​နေတဲ့​ကြား​က အခုလို လက်မှတ်ထိုး​ ​တောင်း​ဆိုမှု​တွေလည်း​ ​ပေါ်လာပြီဆို​တော့​ ဒီလို လှုပ်ရှား​မှု​တွေ၊​ ဒီလို ​ရေး​သား​ဖော်ပြမှု​တွေက ဘယ်​လောက် အတိုင်း​အတာထိ ​မျှော်လင့်​နိုင်မလဲ ဆရာ။

“ဒါက​တော့​ဗျာ သူတို့​ အခု ဆက်ပြီး​တော့​ ဒါကို လုပ်သင့်​မလုပ်သင့်​ ဆိုပြီး​ မူဝါဒ ဆုံး​ဖြတ်တဲ့​ ပုဂ္ဂိုလ်များ​က ဒါကို ထည့်​စဉ်း​စား​လိမ့်​မယ်လို့​ ကျ​နော် ထင်ပါတယ်။ ကျ​နော်တို့​ အခုလို စာနယ်ဇင်း​တွေမှာ ​ပြောခွင့်​၊​ ဆိုခွင့်​၊​ ​ရေး​ခွင့်​၊​ သား​ခွင့်​ အဲဒီလို ရ​နေတာကိုကပဲ ​ကောင်း​တဲ့​ အလား​အလာပဲ​လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013