ထားဝယ်မြို့တွင် အန်အယ်လ်ဒီ အပြတ်သတ် အနိုင်ရနေ
DVB
·
November 9, 2015

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ လက်ရှိ မဲရေတွက်ပြီးစီးမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိနေပါတယ်။
ထားဝယ်မြို့နယ်အတွင်း မဲရုံ ၈၈ ရုံ ရှိတဲ့ထဲက ၇၂ ရုံက မဲစာရင်းတွေ ပေးပို့ပြီးဖြစ်ကြောင်း၊ ၁၆ ရုံသာ ကျန်ရှိတော့တဲ့အချိန်မှာ အပြတ်အသတ် အနိုင်ရရှိနေတယ်လို့ ထားဝယ် အန်အယ်လ်ဒီက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ မဲစာရင်းရလဒ်တွေအရ အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော်မှာ ၃၉၄၈၈ မဲ၊ အမျိုးသားလွှတ်တော်မှာ ၄၀၆၉၀ မဲ၊ တိုင်းဒေသကြီး ၁ မှာ ၁၆၄၂၉ မဲ၊ တိုင်းဒေသကြီး ၂ မှာ ၂၀၂၈၉ မဲ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်နေရာမှာ ၁၁၂၉ မဲ၊ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၁၁၇၇၄၊ အမျိုးသားလွှတ်တော်မှာ ၁၀၅၈၇၊ တိုင်းဒေသကြီး ၁ မှာ ၅၁၀၃၊ တိုင်းဒေသကြီး ၂ မှာ ၅၉၁၀၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်နေရာမှာ ၄၂၅ မဲ ရရှိထားပါတယ်။