မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာက ကြိုးစားလေကျင့်ခဲ့မှုတွေရဲ့ ရလဒ်ဖြစ်ကြောင်း အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်က ပြောသွားပါတယ်။
ဟာဗက်ဇ်ဟာ ပွဲချိန် ၇၉ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ၈၉ မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့ပြီး အသင်းနိုင်ပွဲရရှိဖို့ ကူညီပေးနိုင်ခဲ့တာပါ။
ဒီလိုပျော်ရွှင်စရာအခိုက်အတန့်အတွက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရပြီး အနိုင်ဂိုးရခဲ့တာက အသင်းသားအားလုံးရဲ့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်ဖြစ်ကြောင်း ကိုင်ဟာဗက်ဇ်ကပြောပါတယ်။
ဟာဗက်ဇ်က“ ဘောလုံးဆိုတာ အမြဲတမ်းကြိုးစားလေ့ကျင့်နေရတဲ့အရာပါ။ ဘာမှမလုပ်ဘဲ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ကြိုးစားလေ့ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေရမယ်။ အနိုင်ဂိုးသွင်းခဲ့တဲ့ပုံစံက လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းလုပ်ဆောင်နေကြဖြစ်တယ်။ ဒီလို ဘောလုံးလမ်းကြောင်းတွေကို ဘူကာရိုနဲ့ မာတင်တို့က ပိုပြီးသဘောကျတယ်” လို့ ပြောပါတယ်။
အာဆင်နယ်ဟာဟာဗက်ဇ်ရဲ့နောက်ကျ အနိုင်ဂိုးနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။
Photo-Reuters