မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်နဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေထားရှိရာမြို့တွေအပါအဝင် အဓိကပစ်မှတ်ဒေသတွေကို မြောက်ကိုရီးယား ရဲ့ သူလျှိုဂြိုလ်တု အသစ်မှ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က နိုဝင်ဘာ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဟာ သူ့ရဲ့စပိုင်ဂြိုဟ်တုကို နိုဝင်ဘာ ၂၁ ရက် အင်္ဂါနေ့က လွှတ်တင်ခဲ့တာဖြစ်ပေမဲ့ တောင်ကိုရီးယား ကာကွယ်ရေးအရာရှိတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ ဂြိုဟ်တုအသစ်ရဲ့ စွမ်းဆောင်ရည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုထားပါတယ်။
KRT သတင်းဖတ်ကြားသူရဲ့ ကြေညာချက်အရ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ဂြိုလ်တုဟာ ကျွန်းဆွယ်ကို ဖြတ်ကျော်သွားချိန်မှာ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး ဆိုးလ်မြို့ရဲ့ ပုံရိပ်တွေ အပြင် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်အခြေစိုက်စခန်းတွေ တည်ရှိရာ မို့ဖို့၊ ဂွန်ဆန်၊ ဖြောင်းတက်ခ် နဲ့ အိုဆန် တို့ရဲ့ ဓာတ်ပုံတွေလည်း ပါဝင်နေပါတယ်။
ကင်ဂျုံအွန်းဟာ သောကြာနေ့က ပြုံယမ်းရှိ အမျိုးသား အာကာသ နည်းပညာ စီမံခန့်ခွဲရေးဌာန (NATA) ရဲ့ ထိန်းချုပ်ရေး စင်တာကို လာရောက်ချိန်အတွင်း မြောက်ကိုရီယားရှိ တချို့နေရာတွေကို ရိုက်ကူးထားတဲ့ ပုံရိပ်တွေကိုလည်း စစ်ဆေးခဲ့ကြောင်း KRT သတင်းဖတ်သူမှ ပြောကြားခဲ့ပါတယ်။ နိုင်ငံပိုင်မီဒီယာဟာ ဂြိုလ်တုဓာတ်ပုံကို မပြသခဲ့ပေမယ့် ကင်မ် လာရောက်ခဲ့တဲ့ ထိန်းချုပ်ရေးဌာနရဲ့ ဓာတ်ပုံကိုတော့ ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters