မန်ယူနိုက်တက် အသင်းဟာ ကွင်းလယ်လူ ကတ်စမီရိုနဲ့ နောက်ခံလူ ဗာရန်းတို့ကို ရောင်းချသွားဖို့ပြင်ဆင်နေပါတယ်။
ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁ဒသမ ၃ ဘီလီယံနဲ့ ဆာဂျင် ရတ်ကလစ်ဖ် က ဝယ်ယူခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ စီမံခန့်ခွဲမူတွေကို သူကပဲ တာဝန်ယူသွားတော့မှာပါ။
စီအီးအို ရစ်ချတ်အာနိုးလ်ကလည်း အခုနှစ်အကုန်မှာထွက်ခွါမှာဖြစ်ပြီး အပြောင်း အရွှေ့ကိစ္စတွေအတွက် လီဗာပူးစီအီးအိုဟောင်း မိုက်ကယ်အက်ဝါ့ဒ်ကိုခေါ်ယူဖို့ လုပ်ဆောင် နေပါတယ်။
မန်ယူ အသင်း ရှယ်ယာရှင်အသစ် ရတ်ကလစ်ဖ်အနေနဲ့ လုပ်ခကြီးမားစွာပေးချေနေရတဲ့ ကတ်စမီရိုနဲ့ ဗာရန်းတို့ကို ရောင်းချသွားဖို့အတွက် စတင်ပြင်ဆင်နေပြီး ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ရှိပါတယ်။
မန်ယူအသင်းဟာ သူတို့နှစ်ဦးကို ရီးရဲလ်ကနေ ပေါင် ၁၁၂ သန်း အကုန်ကျခံကာဝယ်ယူခဲ့တာပါ။ ပထမတစ်ရာသီအတွင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ အခုနှစ်ရာ သီမှာတော့ ခြေစွမ်းကျဆင်းမှုတွေ ကြောင့် ဝေဖန်ခံနေရပါတယ်။
Photo - Reuters