Homeမြန်မာသတင်း
နိုင်ငံရေးလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးကို နံပါတ် ၁ အဖြစ်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်
နိုင်ငံရေးလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးကို နံပါတ် ၁ အဖြစ်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်
ဇေယျာချမ်းအေး
·
July 1, 2016
နိုင်ငံရေးလုပ်ငန်းစဉ်မှာ ငြိမ်းချမ်းရေးကို နံပါတ် ၁ အဖြစ် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် က လမ်းညွှန်ထားတယ်လို့ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းက NRPC ရုံးမှာပြုလုပ်တဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ DPN နဲ့ ဆွေးနွေးပွဲမှာပြောဆိုလိုက်တာပါ။
လက်နက်ကိုင်တွေဘက်က တောင်းဆိုချက်တွေကိုလည်း လိုက်လျောနိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ DPN ရဲ့ခေါင်းဆောင် ခူဦးရယ်ကတော့ အန်အယ်လ်ဒီ အစိုးရကို ကြိုဆိုပေမယ့် လက်နက်ကိုင်အဖွဲ့တွေကို ကြီးငယ်မခွဲခြားဘဲ ဆက်ဆံစေချင်တယ်လို့ ဆိုပါတယ်။