Home
နိုင်ငံတကာ
စလိုဗက်ကီးယား၌ ရာဇဝတ်မှုဥပဒေကို ပြောင်းလဲမည့်အစီအစဉ် ပယ်ချနိုင်ဟု သမ္မတပြော
DVB
·
December 9, 2023

စလိုဗက်ကီးယားနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးအစိုးရရှေ့နေရုံးကို ဖျက်သိမ်းခြင်းအပါအဝင် ရာဇ၀တ်မှုဆိုင်ရာ ဥပဒေကို အရှိန်အဟုန်နဲ့ ပြောင်းလဲပစ်မယ့် အစိုးရအဖွဲ့ရဲ့ အစီအစဉ်ကို သမ္မတအနေနဲ့ ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်တယ်လို့ စလိုဗက်ကီးယားသမ္မတ ဇူဇာနာ ကာပူတိုဗာက ဒီဇင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒီအဆိုပြုချက်ဟာ ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ အခြေခံပြောင်းလဲမှုဖြစ်ပြီး လုံလောက်တဲ့ ပညာရှင် အဆင့် ပြင်ဆင်ထားမှု မရှိဘဲ၊ ကိုယ့်အဖွဲ့သားတွေနဲ့ ကျွမ်းကျင်ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ထားရင် အခြေအမြစ်မရှိတဲ့ ဝရုန်းသုန်းကား အနေအထား ဖြစ်လာနိုင်တာကြောင့် ဒီအစီအစဥ်ကို သင့်တော်တဲ့ ဆွေးနွေးငြင်းခုံမှုတွေလုပ်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ 

အောက်တိုဘာလမှာမှ ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ် ရောဘတ်ဖှီကိုရဲ့ အစိုးရအဖွဲ့သစ်က ဒီဇင်ဘာ ၆ ရက်မှာ အဆိုပြုထားတဲ့ အပြောင်းအလဲတွေဟာ ပုဂ္ဂိုလ်ရေးရာကိစ္စတွေနဲ့ ရောယှက် နေတဲ့ လက်မခံနိုင်စရာ နိုင်ငံရေးကိစ္စတွေပါဝင်နေပြီး တရားမ၀င်လုပ်ဆောင်မှုတွေကို အကြောင်းကြားသူတွေရဲ့ အနေအထားကို အားနည်းသွားအောင် ခြိမ်းခြောက်နေတဲ့အပြင် ဥရောပ သမဂ္ဂရဲ့ ရန်ပုံငွေ ရရှိမှုကို ရပ်တန့်သွားစေနိုင်တယ်လို့ သမ္မတ ဇူဇာနာ ကာပူတိုဗာ က ပြောပါတယ်။ 

ဒီအစီအစဉ်တွေကို အလျင်စလို မလုပ်ကြဖို့ စလိုဗက်ကီးယားကို ဥရောပကော်မရှင်ရဲ့ တိုက်တွန်းမှုအပေါ် အမေရိကန် ပြည်ထောင်စုကလည်း ဒီဇင်ဘာ ၇ ရက်က အားဖြည့် တောင်းဆိုခဲ့ပါတယ်။ 

အတိုက်အခံတွေဘက်ကတော့ တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်နဲ့ ရက်ရက်စက်စက် ဖြိုခွင်း နေတာကို အံ့သြမိပါတယ်လို့ ဝေဖန်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက အစိုးရရုံးတွေရဲ့ အပြင်ဘက်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024