DVB Logo
Home
နိုင်ငံတကာ
ပီရူးတွင် အနှစ် ၃,၅၀၀ သက်တမ်းရှိသည့် ရှေးဟောင်းမြို့  ထပ်ရှာတွေ့
DVB
·
July 5, 2025
ပီရူးတွင် အနှစ် ၃,၅၀၀ သက်တမ်းရှိသည့် ရှေးဟောင်းမြို့  ထပ်ရှာတွေ့
Donate to DVB

ပီရူးနိုင်ငံက ရှေးဟောင်းသုတေသီတွေဟာ အနှစ် ၃,၅၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တခုကို ဇူလိုင် ၃ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီမြို့ဟာ အန်ဒီးစ်-တောင်တန်းနဲ့ အမေဇုန်-ဒေသ အပါအဝင် ပစိဖိတ် ကမ်းရိုးတန်းက ယဉ်ကျေးမှုတွေကို ချိတ်ဆက်ပေးနိုင်ခဲ့တဲ့ ကုန်သွယ်ရေးဗဟိုချက် တခုဖြစ်နိုင်ကြောင်း ခန့်မှန်း ထားပါတယ်။

အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အစောပိုင်းယဉ်ကျေးမှုတွေ ထွန်းကားခဲ့ချိန်နဲ့လည်း တချိန်တည်း ဖြစ်နိုင်တယ်ဆိုပြီး ယူဆထားပါတယ်။

သုတေသီတွေရဲ့ ထုတ်ပြန်ချက်အရ မြို့လယ်ခေါင်ဟာ လှေကားထစ်တွေနဲ့ တောင်စောင်းပေါ်က စက်ဝိုင်းပုံသဏ္ဍာန် နေရာတခုဖြစ်သလို ကျောက်သားနဲ့ ရွှံ့စေးကိုသုံးပြီး တည်ဆောက်ထားတဲ့ အဆောက်အအုံ အကြွင်းအကျန်တွေကိုလည်း တွေ့ရပါတယ်။

ပန်နီကိုလို့ အမည်ပေးထားတဲ့ ဒီရှေးဟောင်းမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၉၇၀ ပေ အမြင့်မှာဖြစ်ပြီး ဘာရန်ကာမြောက်ပိုင်းပြည်နယ်မှာ တည်ရှိပါတယ်။

ဘီစီ ၁၈၀၀ ကနေ ၁၅၀၀ ကြားမှာ ပန်နီကိုမြို့ကို ထူထောင်ခဲ့တာဖြစ်တဲ့အပြင် အနှစ် ၅,၀၀၀ သက်တမ်းရှိပြီဖြစ်တဲ့ အမေရိကတိုက်ရဲ့  ရှေးအကျဆုံးသော ကာရယ်လ်ယဉ်ကျေးမှုထွန်းကားရာ နေရာနဲ့ပါနီးစပ်ပါတယ်။

ဒါ့အပြင် ကာရယ်လ် ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အဆောက်အအုံကြီး ၃၂ ခုအထိရှိပြီး အီဂျစ်၊ အိန္ဒိယ၊ တရုတ်၊ ဆူမားရီးယား ယဉ်ကျေးမှုတွေနဲ့ ခေတ်ပြိုင်ဖြစ်ကြောင်း သတ်မှတ်ကြပေမဲ့ မတူတာဆိုရင်တော့ တသီးတသန့်တည်း ဖွံ့ဖြိုးလာခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ပန်နီကိုလေ့လာမှုကိုဦးဆောင်ခဲ့တဲ့ ရှေးဟောင်းသုတေသနပညာရှင် ရုသ်ရှိတ်ဒီကတော့ ရာသီဥတုပြောင်းလဲမှုကြောင့် ကာရယ်လ်-ယဉ်ကျေးမှု ပျက်စီးသွားပြီးနောက် အသစ် ပေါ်ထွက်လာခဲ့တဲ့ မြို့ဖြစ်တဲ့အလျောက် အရေးကြီးတယ်ဆိုပြီး သုံးသပ်ထားပါတယ်။

ပီရူးယဉ်ကျေးမှုဝန်ကြီး ဌာနဆိုင်ရာ သုတေသီ မာကိုမာချာကွေးကလည်း ပန်နီကိုရဲ့ အရေးပါမှုဟာ ကာရယ်လ်-လူမှုအဖွဲ့အစည်းရဲ့ နောက်ဆက်တွဲဖြစ်တယ်ဆိုတဲ့ အချက်ကိုထောက်ခံခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013